နေခြည်ဦးနဲ့ကြော်ငြာရိုက်တာ ရိုမဆန်ပဲ အခွီတစ်လိုင်းသာဖြစ်ခဲ့ရတဲ့ တိုင်ရွန်
14 May 2019 1,758 Views

ပရိသတ်ရဲ့အားပေးချစ်ခင်မှုကိုအပြည့်အ၀ရရှိထားပြီး အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေက သဘောကျကြိုက်နှစ်သက်ရတဲ့ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကတော့ အောင်မြင်တဲ့အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ ကြော်ငြာတွေရိုက်ကူးရင်း အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့ တိုင်ရွန်ကတော့ လတ်တလောမှာ သူငယ်ချင်းဖြစ်သူနေခြည်ဦးနဲ့အတူတူ ကြော်ငြာတစ်ခုကိုရိုက်ကူးနေတာကိုတွေ့ရပါတယ်။
ပြောမနာဆိုမနာသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ နေခြည်ဦးနဲ့တိုင်ရွန်ကတော့ အပြင်မှာလည်းသူငယ်ချင်းတွေဖြစ်ကြသလို အနုပညာအလုပ်တွေကိုလည်း အတူတူတွဲဖက်လုပ်ကိုင်ဖူးသူတွေဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သူတို့နှစ်ယောက်ဟာ “ပုရိဿ” ဆိုတဲ့ရုပ်ရှင်ကားကြီးကို အတူရိုက်ကူးခဲ့ကြပါသေးတယ်။
ပရိသတ်တွေကအထင်အမြင်မှားခဲ့သည်အထိ အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ နေခြည်ဦးနဲ့တိုင်ရွန်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးအလှကုန်တစ်ခုဖြစ်တဲ့ Bella Cosmetics အတွက်ကြော်ငြာတစ်ခုကို အတူတူရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာထဲမှာ အရမ်းကိုရိုမန့်တစ်ဆန်တဲ့ပုံစံလေးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပေမယ့် သူငယ်ချင်းဖြစ်သူနေခြည်ဦးကြောင့် ရိုမဆန်ရပဲ အခွီတစ်လိုင်းတွေသာဖြစ်ခဲ့ရကြောင်းကို တိုင်ရွန်ကသူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။
“Bella cosmetics ကြော်ငြာလေးရိုက်ကူး Ro တဲ့အခန်းတွေရိုက်ရတာ ဒီ Nay Chi Oo မနဲ့ Ro မရ ခွီနေရ” ဆိုကာ ကြော်ငြာရိုက်ကွင်းကအမှတ်တရလေးကို ပြန်လည်ဝေမျှထားတာပဲဖြစ်ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ နေခြည်ဦးနဲ့ တိုင်ရွန်တို့နှစ်ယောက်ရဲ့ အခွီတစ်လိုင်းသာဖြစ်ခဲ့ရတဲ့ ကြော်ငြာရိုက်ကွင်းပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။
(ပိုပိုလေး)