Queen အဖွဲ့က ရော်ဂျာတေလာနှင့် ပူးပေါင်း၍ “That’s Football” အမည်ရ သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့တဲ့ ပီတာချက်
14 May 2019 1,568 Views

အာဆင်နယ်အသင်းရဲ့ ၀ါရင့်ဂိုးသမား ပီတာချက်ဟာ ဗြိတိန် ရော့ခ်ဂီတအဖွဲဖြစ်တဲ့ Queen အဖွဲ့က ဒရမ်သမား ရော်ဂျာတေလာနဲ့ ပူးပေါင်းပြီး That’s Football အမည်ရ သီချင်းတစ်ပုဒ်ကို ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။
That’s Football သီချင်းဟာ Soft Rock အမျိုးအစားဖြစ်ပြီး မေလ ၉ ရက်နေ့က ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ချလ်ဆီး ဂန္တဝင် ကစားသမားဟောင် ပီတာချက် ဟာ ဒရမ်တီးခတ်တာကို ဝါသနာ ထုံသူတစ်ဦးဖြစ်ပြီး Queen အဖွဲ့မှ ဒရမ်သမား ရော်ဂျာတေလာနှင့် ပူးပေါင်း၍ That’s Football သီချင်းမှာ သူကိုတိုင်ပါဝင် သီဆိုထားတာဖြစ်ပါတယ်။
ဒီသီချင်းမှာ ဘောလုံးလောကရဲ့ အကြောင်းတွေပါဝင်ပြီး သူရဲ့ သီချင်းမှာ ဖွင့်ဟ ချပြခဲ့တာဖြစ်ပါတယ်။ That’s Football သီချင်းကို ရံပုံငွေ ရှာဖွေဖို့အတွက် ဖန်တီးခဲ့တာ ဖြစ်ပြီး အာဆင်နယ် ဂိုးသမား ရော့ ဘီဆင် တည်ထောင်ထားတဲ့ Foundation မှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။
ပီတာချက်ဟာ ပရီးမီးယားလိဂ်မှာ ၁၅ နှစ်တာ ကျင်လည်ခဲ့ပြီး ဒီနှစ်ရာသီကုန်မှာ ဘောလုံးလောက ကနေအနားယူတော့မှာဖြစ်ပါတယ်။ ပီတာချက်ကို ချလ်ဆီးနှင့် အာဆင်နယ် အသင်းတို့မှ ဂိုးနည်းပြအဖြစ် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။
ပီတာချက် ဒရမ်လက်စွမ်း