BEC-TERO TV

ကားထဲမှာ မီးခြစ်ဗူးနဲ့ ဆော့ကစားရင်း ၂ နှစ်သမီးလေး မီးလောင်သေဆုံး

14 May 2019     1,560 Views


ယူကရိန်းနိုင်ငံ ကိုဇတ်ကီကျေးရွာက အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖခင်ဖြစ်သူရဲ့ ကားထဲမှာ မီးခြစ်ဆံဗူးနဲ့ ဆော့ကစားစဉ် မီးလောင်ကျွမ်းကာ သေဆုံးခဲ့ရပါတယ်။
 
 
ဖခင်ဖြစ်သူရဲ့ ပြောပြချက်အရ သမီးဖြစ်သူကို နေအိမ်ခြံဝင်းထဲမှာ တစ်ယောက်ထဲထားခဲ့ပြီး အိမ်ထဲခဏ ဝင်သွားခဲ့ပါတယ်၊ နှစ်မိနစ်လောက်နေတော့ ခြံထဲကို လှမ်းကြည့်လိုက်ရာ ကလေးကိုမတွေ့ပဲ ခြံထောင့်မှာ ရပ်ထားတဲ့ သူ့ရဲ့ကားမီးလောင်နေတာကို တွေ့လိုက်ရပါတယ်။
 
အလျှင်အမြန်ပြေးသွားပြီး သမီးကို ကားထဲက ကယ်ဖို့ ကြိုးစားပေမယ့် သမီးလေးဟာ မီးလောင်ဒဏ်ရာများနဲ့ သေဆုံးနေပြီဖြစ်ပါတယ်။
 
 
ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ ကားထဲမှာ မီးခြစ်ဆံဗူးနဲ့ ခြစ်ပြီးသား မီးခြစ်ဆံအချို့လည်း တွေ့ခဲ့ရတယ်လို့ ယူကရိန်းအရေးပေါ် ကယ်ဆယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ Olga Safronova က ဆိုပါတယ်။ 
 
ကလေးဟာ ခြံထဲကနေ ကားဆီကိုလျှောက်သွားပြီး ကားထဲဝင်ကာ မီးခြစ်ဗူးနဲ့ ကစားဟန်တူပြီး မီးလောင်နေတဲ့ မီးခြစ်ဆံ ကားရဲ့ ထိုင်ခုံပေါ် ပြုတ်ကျရာကနေ မီးလောင်ကျွမ်းကာ အပူလောင်ဒဏ်ရာတွေရရှိခဲ့သလို မီးလောင်ရာမှ ထွက်လာတဲ့ မီးခိုး ကာဗွန်မိုနောက်ဆိုဒ် သင့်ပြီး သေဆုံးခဲ့ရပါတယ်။
 
 
အိမ်နီးချင်းတွေရဲ့ ပြောပြချက်အရ ကလေး မိခင်ရဲ့ အော်ဟစ်အကူညီတောင်းသံကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်မှာ ၉၀% မီးလောင်ကျွမ်းခဲ့ပြီး ဒဏ်ရာတွေနဲ့ပဲ ကားထဲမှာ သေဆုံးခဲ့ပါတယ်။

14 May 2019     1,560 Views




RELATED

Most Popular of Special or Others

Most Popular of NEWS