BEC-TERO TV

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ၂ နှစ်ဆက် ရယူနိုင်ခဲ့တဲ့ ဂွာဒီယိုလာ

15 May 2019     1,344 Views


မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အကောင်းဆုံးနည်းပြဆုကို ၂ နှစ်ဆက် ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆိုကို ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုနဲ့ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ဆုံးဖြစ်ပြီး ဂွာဒီယိုလာက လီဗာပူးအသင်းနည်းပြကလော့ ဝုဗ်အသင်းနည်းပြ ဆန်တို၊ စပါးအသင်းနည်းပြ ပိုချက်တီနိုနဲ တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးနည်းပြဆုရရှိခဲ့တာဖြစ်ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၁-၄ ဖြင့်အနိုင်ရရှိခဲ့နောက် ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်အမိုင်းမှာ ဖာဂူဆန် ၊ မောရင်ဟို တို့နဲ့ အတူ ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့နည်းပြ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လာမည့်အပါတ်မှာ ဝက်ဖို့စ်အသင်းနဲ့ FA ဖလား ဗိုလ်လုပွဲ ကစားဖို့ရှိနေပြီး အနိုင်ရရှိပါက ဂွာဒီယိုလာဟာ ပြည်တွင်းမှာ ဖလား ၃ လုံးစလုံး ရရှိအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးနည်းပြ အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။


15 May 2019     1,344 Views




RELATED

Most Popular of Football

Most Popular of Sport