BEC-TERO TV

အစာအိမ်ထဲကနေ သံအချောင်း ၁၀၀ ကျော် ခွဲစိပ်ထုတ်ပေးခဲ့ရ (ရုပ်သံ)

15 May 2019     1,833 Views


ကံကြီးလှတဲ့ အမျိုးသားတစ်ဦးဟာ အိမ်ရိုက်သံ အချောင်း ၁၀၀ ကျော်ကို ဆရာဝန်တွေက အရေးပေါ်  ခွဲစိပ်ထုတ်ယူခဲ့ပြီးနောက်မှာ အသက်ရှင်ကျန်ခဲ့ပါတယ်။
 
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်မှ အသက် ၄၃ နှစ်အရွယ် ‘ဘိုလာရှန်ကာ’ ဆိုသူဟာ စိတ်ပိုင်းဆိုင်ရာ မူမှန်ပဲ အိမ်ရိုက်သံတွေကို စားတဲ့အလေ့အကျင့်ရှိနေခဲ့တာကို သူ့ရဲ့မိသားစုတွေ မသိခဲ့ကြပါဘူး။
 
>>Read More ကို နှိပ်ပါ<<
 
 
မခံမရပ်နိုင်အောင် ဗိုက်နာလာတာကြောင့် ဆေးရုံတင်ခဲ့ရပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ သူ့ရဲ့အစာအိမ်ထဲမှာ သံချောင်းတွေ အစုပြုံလိုက်ရှိနေတာကို ဆရာဝန်တွေ အံ့အားသင့်စွာ တွေ့ခဲ့ရပါတယ်။
 
 
အရေးပေါ်ခွဲစိတ်ဖို့ ချက်ခြင်းစီစဉ်ခဲ့ပြီး သူ့ရဲ့အစာအိမ်ထဲမှ သံချောင်း ၁၁၆ ချောင်းကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ သံချောင်းတွေဟာ ၂ လက္မခွဲ အရွယ်အစားတွေ ဖြစ်ပြီး ဒီသံချောင်းတွေကို သူဘယ်အချိန်ထဲက စပြီး စားခဲ့လည်းဆိုတာကိုတော့ ရှင်းလင်းစွာ မသိခဲ့ကြရပါဘူး။
 
 
ခွဲစိတ်မှုကို ဦးဆောင်ခဲ့တဲ့ Dr Anil Saini က ဒီလောက်အရွယ်အစားရှိတဲ့ သံတွေကို လူရဲ့အစာအိမ်ထဲကခွဲထုတ်ပေးရာတာ ရာဂျက်စ်သန်ပြည်နယ်နဲ့ အိန္ဒိယမှာတော့ ပထမဆုံး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
 
လူနာဟာ ချွန်ထက်တဲ့ သံထည်တွေအပြင် ဝါယာကြိုးတွေကိုလည်း မြိုချတဲ့ အလေ့အထရှိနိုင်တယ်လို့  Dr Anil က ယုံကြည်ထားပါတယ်၊ ဒါပေမယ့် သံတစ်ချောင်းမှ သူ့ရဲ့အစာအိမ်ကို ဖောက်မထွက်သွားတာ အရမ်းထူးဆန်းပြီး ကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ လူနာဖြစ်တဲ့ ‘ဘိုလာရှန်ကာ’ ဟာ အခုဆိုရင် ပြန်လည် နလန်ထူလာပြီဖြစ်ကြောင်း သိရှိရသည်။
 

15 May 2019     1,833 Views




RELATED

Most Popular of Special or Others

Most Popular of NEWS