BEC-TERO TV

သတင်းထောက်မကို ကြွေပြီး အနမ်းပေးလိုက်တဲ့ လက်ဝှေ့ကျော် တရားစွဲခံရ (ရုပ်သံ)

16 May 2019     1,534 Views


ဟဲဗီးဝိတ်တန်းမှ အနိုင်ရခဲ့ပြီးနောက် အင်တာဗျူးမေးမြန်ခန်းကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသနေစဉ် အင်တာဗျူးမေးနေတဲ့ သတင်းထောက် အမျိုးသမီးကို မပြောမဆို ဆွဲဖက်ပြီး နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် နမ်းလိုက်တဲ့အတွက် ဘူလဂေးရီးယား လက်ဝှေ့ကျော် တရားစွဲခံခဲ့ရပါတယ်။
 
“The Cobra” လို့ လူသိများတဲ့ ဟဲဗီးဝိတ်တန်း လက်ဝှေ့ကျော် Kubrat Pulev ဟာ လွန်ခဲ့တဲ့ နှစ်လကျော်ကြာက ကယ်လီဖိုးနီးယားပြည်နယ် ကော်စတာမီဆာ မှာ ပြုလုပ်ခဲ့တဲ့ လက်ဝှေ့ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ ရိုမေးနီးရားကစားသမား Bogdan Dinu ကို ၇ ချီမှာ အလဲထိုးနိုင်ခဲ့ပါတယ်။
 
၂၇ ပွဲထိုးရာမှာ ၁ ပွဲသာ ရှုံးဖူးသေးတဲ့ Kubrat Pulev ကို သတင်းထောက် အမျိုးသမီး Ravalo က အင်တာဗျူးမေးမြန်းစဉ် ရုန်တရက်စိုက်ကြည်းပြီး ခါးကို ဆွဲဖက်ကာ နှုတ်ခမ်းကို နမ်းခဲ့တာဖြစ်ပါတယ်။ ရုတ်တရက်မျှော်လင့်မထားတဲ့ အဖြစ်ပျက်ကြောင့် သတင်းထောက်မ ကြောင်သွားခဲ့ပေမယ့် ဟန်မပျက် ဆက်လက်အင်တာဗျူးနိုင်ခဲ့ပါတယ်။
 
 
ဒီဖြစ်စဉ်အတွက် Kubrat Pulev ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ကော်မရှင်က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ Kubrat Pulev အနေနဲ့ အမေရိကန်ဒေါ်လာ ၂၅၀၀ ဒဏ်ငွေဆောင်ရမှာ ဖြစ်ပြီး ဇူလိုင်လထိ ကစားခွင့် ပိတ်ကြောင်း၊ ဒဏ်ငွေမဆောင်ရင်တော့ ကယ်လီဖိုးနီးယားမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် မရှိဟု မေလ ၁၄ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
 
Kubrat Pulev ဟာ ထင်ရှားကျော်ကြားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အမှုရင်ဆိုင်တဲ့နေ့က သူ့ရဲ့နောက်နားမှာ ရည်းစားဖြစ်သူ ဘူလ်ဂေးရီးယား အဆိုတော် Andrea လည်း လာရောက် ကြားနာခဲ့ပါတယ်။
 
သတင်းထောက် အမျိုးသမီး Ravalo က စိတ်ထိခိုက်နေတဲ့အတွက် တရားရုံးကို တက်ရောက်လာနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် လက်ဝှေ့ပွဲညက အဖွဲ့လိုက် အောင်ပွဲခံတဲ့ ပါတီကိုလည်း သတင်းယူရန် တင်ရောက်ခဲ့ပြီး အဲဒီပွဲမှာလည်း သူမရဲ့ အောက်ပိုင်းကို Kubrat Pulev က လှမ်းဆွဲခဲ့တဲ့အတွက် အရှက်ကွဲခဲ့ရပါတယ်၊ နှစ်လကျော် ကြာသည့်တိုင် သူမကို ပြန်လည်တောင်းပန်ခြင်းမရှိဘူးလို့ သူမရဲ့ တိုင်ချက်မှာ ဖော်ပြခဲ့ပါတယ်။ “ကျွန်မကို ဒီလိုနမ်းတာ မနှစ်မြိုပါဘူး” လို့ Ravalo က ဆိုပါတယ်။

 


16 May 2019     1,534 Views




RELATED

Most Popular of Boxing

Most Popular of NEWS