ပရိတ်သတ်ပေးတဲ့ ပန်းပွင့်ကိုရင်ဘတ်ထဲထည့်ပြပြီး စနောက်ခဲ့တဲ့ HyunA
16 May 2019 1,734 Views

တောင်ကိုးရီးယား နာမည်ကျော် ကေပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ HyunA ဟာဆိုရင်Sexy ကျလှပတဲ့ နေရာမှာ ဘုရင်မတစ်ဆူလိုပါပဲ။ HyunA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက Hanguk တက္ကသိုလ်က ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ HyunA လို့ နာမည်ကြားလိုက်တာနဲ့ တက္ကသိုလ်ကျောင်းသားများအကြားပွဲဆူသွားမှာတော့ အမှန်ပါပဲ။ HyunA ဟာ သူမရဲ့ ပထမဦးဆုံး ထွက်ရှိထားတဲ့ သီချင်း Bubble pop ကိုဖျော်ဖြေနေစဉ် ပရိတ်သတ်တစ်ဦးက ပန်းပွင့် ပုံသဏ္ဍန် အရုပ်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အရုပ်ရရှိသွားတဲ့အခါ HyunA ဘယ်လို တုန့်ပြန်လိုက်သလဲဆိုတာ သိရဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

HyunA Bubble pop သီချင်းကို ဖျော်ဖြေနေစဉ် ပရိတ်သတ်တွေနဲ့ အနီးကပ်ဆုံး ဖြစ်စေဖို့ စတိတ်ရှေ့ကို ဆင်းသွားခဲ့ပါတယ်။ သဘောကောင်းတဲ့ HyunA ဟာ ပရိတ်သတ်တစ်ဦးရဲ့ ဖုန်းကို ယူရင်း selfie ဆွဲပေးတာမျိုးတောင်လုပ်ခဲ့ပါတယ်။
.png)
.png)
ထိုစဉ် စတိတ်ရှေ့မှာရှိတဲ့ ပရိတ်သတ်တစ်ဦးက ပန်းပွင့်ပုံအရုပ်လေးပေးခဲ့ရာ HyunA ကယူလိုက်ပြီး ရင်ဘတ်ထဲ ထည့်ပြခဲ့ပါတယ်။ HyunA ဟာ သီချင်းပြီးဆုံးသည်အထိ ပန်းပွင့်ကို ရင်ဘတ်ထဲထည့်ပြီး ကနေခဲ့တာပါ။
.png)
ဒီအပြုအမူလေးဟာ ချစ်ဖို့ကောင်းလှပါတယ်။ သီချင်းဆိုပြီးတဲ့အခါမှာတော့ လုံခြုံရေးကနေတစ်ဆင့် ပန်းပွင့်ကို ပရိတ်သတ်လက်ထဲ ပြန်အပ်ခဲ့ပါတယ်။ HyunA တစ်ယောက် ဘယ်လို ကပြဖျော်ဖြေခဲ့တယ်ဆိုတာ အောက်ပါ ဗွီဒီယိုမှာ ကြည့်ရှုခံစား လိုက်ကြရအောင်။
(ပိုပိုလေး)







