BEC-TERO TV

အပြာ Porn ဆိုဒ်တွေထဲ့ထိ မဲဆွယ်စည်းရုံးခဲ့တဲ့ ဒိန်းမတ် နိုင်ငံရေးသမား

16 May 2019     1,669 Views


အခုနောက်ပိုင်းခေတ်ကာလတွေမှာ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့  မူဝါဒ ၊ ပေါ်လစီ နဲ့တို့ကို ပြည်သူကို အထိရောက်ဆုံးချပြနိုင်ဖို့အတွက် ဆိုရှယ် နက်ဝက်ခ် ကို အကျွမ်းတဝင် အသုံးချလာတာကို တွေ့ ရပါတယ်။ ဒိန်းမတ် နိုင်ငံက အမတ်တစ်ယောက်ဟာ အထွေထွေရွေးကောက်ပွဲအတွက် PornHub ဆိုဒ်တွေပါမကျန် ကြောငြာထည့် မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဂျိုအာချင် ဘီ အိုလ်ဆင် လို့ အမည်ရတဲ့ အမတ်လောင်းတစ်ဦးဟာ ပါတီနဲ့ သူ့ကို မဲပေးကြဖို့အတွက် ဆိုရှယ် မီဒီယာ ဆိုဒ်တွေနဲ့ PornHub နဲ့ အပြာဝက်ဆိုဒ်တွေမှာ ကြော်ညာထည့်သုံးပြီး မဲဆွယ်စည်းရုံခဲ့ပါတယ်။

မီဒီယာ တွေရဲ့ မေးမြန်းချက်ကို “ဟုတ်ပါတယ် ၊ PornHub ပေါ်မှာ ရောက်နေတာ ကျွန်တော်ပါပဲ ” လို့ အိုလ်ဆင် ဖေ့ဘုတ်စ်မှ တဆင့် အတည်ပြုပြောကြားခဲ့ပါတယ်။

အိုလ်ဆင်ဟာ အိုလံပစ်ပြိုင်ပွဲမှာ သံလုံးပစ်အားကစားမှာ ဒိန်းမတ်နိုင်ငံအတွက် ငွေတံဆိပ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သလို့ လစ်ဘရယ် မဟာမိတ်ပါတီ ရဲ့ အမတ်တစ်ဦးလည်းဖြစ်ပါတယ်။


16 May 2019     1,669 Views




RELATED

Most Popular of International News

Most Popular of NEWS