ဘီယာ အလုံး၂၀၀ ကျော်သောက်ပြီး အောင်ပွဲခံခဲ့ကြတဲ့ လမ်းပတ်နှင့် ဒါဘီ အသင်းသားများ
17 May 2019 1,526 Views

လိဒ်အသင်းကို အနိုင်ရရှိပြီးနောက် နည်းပြ လမ်းပတ် နှင့် ဒါဘီ အသင်းသားတွေဟာ အဝေးကွင်းမှာ လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေနဲ့အတူ “Kings Head” အမည်ရတဲ့ ဘီယာဆိုင်မှာ အောင်ပွဲခံခဲ့ကြတယ်လို့ သိရပါတယ်။
ဒါဘီ အသင်းဟာ ဗော်ကာ ၆၅လုံး၊ အီတလီ ဘီယာ ၅၄လုံး နဲ့ မက္ကဆီကို ဘီယာအပြင်းစား ၃၈လုံး အထိမှာယူသောက်သုံး ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ကနေဒါ ဘီယာအပြင်းစား ၂၉ လုံးမှာယူခဲ့ပြီးထပ်မံ သောက်စားအောင်ပွဲခံခဲ့ကြလို့ အချို့ အသင်းသားတွေဟာ လမ်းမလျှောက်နိုင်တဲ့ အထိ အမူးလွန်သွားခဲ့တယ်လို့သိရပါတယ်။
ငွေရှင်းလိုက်တဲ့ အချိန်မှာ စုစုပေါင်း ကုန်ကျစရိတ် ပေါင် ၂၈၀၀ လောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။တန်းတက်ဖို့အတွက် မျှော်လင့်ချက် ရှိနေတဲ့ ဒါဘီအသင်းဟာ အဝေးကွင်းမှာ လိဒ်အသင်းကို ၂-၄ နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၃-၄ ဖြင့်နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
Play-Off Final ပွဲစဉ်ကိုတော့ လာမည့် မေလ ၂၇ ရက်နေ့ မှာ ဗီလာအသင်းနဲ့ ဝင်ဘာလေကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲမှာလည်း ချလ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ လမ်းပတ် ၊ တယ်ရီ ၊ နဲ့ အက်ရှက်လေးကိုးလ် တို့ ပြန်လည်တွေ့ ဆုံမယ် ပွဲတစ်ပွဲဖြစ်ပါတယ်။