BEC-TERO TV

ပြိုင်ဘက်အသင်း ဂိုးသမားရဲ့ လည်ပင်းကို ညှစ်ပြီး မြေပြင်ပေါ် ဆွဲလှဲခဲ့တဲ့ အေဗရာဟီမိုဗစ်

20 May 2019     1,339 Views


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မေဂျာလိဂ် ပွဲစဉ်မှာ LA ဂလက်စီအသင်းဟာ နယူးယောက် စီးတီးအသင်းကို ၀-၂ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ LA အသင်းတိုက်စစ်မှူးကြီး ဇလာတန် အေဗရာဟီမိုဗစ် ဟာ ပြိုင်ဘက်အသင်း ဂိုးသမား ဂျွန်ဆင် ရဲ့ လည်ပင်းကို ညှစ်ပြီး မြေပြင်ပေါ်ကို ဆွဲလှဲခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲချိန်အတွင်းမှာတော့ ကွင်လယ်ဒိုင်လူကြီးက ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရတာကြောင့် နှစ်ယောက်စလုံးကို အဝါကဒ်သာ ပြသခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်ကို မေဂျာလိဂ်ုပြိုင်ပွဲရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်စစ်ဆေးခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အတွက်ကြောင် မိုဗစ်ကို ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ မိုဗစ်ဟာ အသက် ၃၇ နှစ်အထိရှိနေပြီဖြစ်ပေမယ့် ဘောလုံးလောကမှ အနားမယူသေးပဲ LA အသင်းအတွက် ဒီရာသီမှာ ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

LA အသင်းဟာ နယူးယော့ခ်စီးတီးနဲ့ ပွဲစဉ် မှာ ပထမပိုင်းပြီးခါနီး မှာ သွင်းဂိုး ၂ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပြီး နောက်ပိုင်းပွဲချိန်တွေအတွင်းအခွင့်အရေးတွေပြန်ရခဲ့ပေမယ့် အသုံး မချနိုင်ခဲ့လို့ ချေပဂိုးနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။

မိုဗစ်ဟာ ကစားသမား ဘဝမှာ အေဂျက်၊ဘာစီလိုနာ၊ မီလန်မြို့ခံနှစ်သင်း၊ဂျူဗီ၊ PSG ၊ ယူနိုက်တက် အစရှိတဲ့ ဥရောပထိပ်တန်း အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မိုဗစ်ဟာ သူရောက်ရှိတဲ့ အသင်းတိုင်းမှာ အောင်မြင် မှုတွေရယူနိုင်ခဲ့သလိုပဲ ဒေါသကြီးပြီး အဆင်မခြင် ကျူးလွန်မိမှုတွေကြောင့် လည်း ပွဲပယ်ပြစ်ဒဏ်တွေ ကျခံခဲ့ရဖူးတာ ဖြစ်ပါတယ်။

မကြာသေးမီက အင်တာဗျူးတခုမှာ မိုဗစ်က ” ငယ်ငယ်တုန်းကဆိုရင် လမ်းထဲကရန်ပွဲတခုမှာကျွန်တော်နဲ့ ကောင်လေး တယောက်ရန်ဖြစ်ရင် အမေကကျွန်တော့အတွက် စိတ်မပူခဲ့ပါဘူး။ ကျွန်တော့နဲ့ ရန်ဖြစ်တဲ့ အဲ့ကောင်လေးအတွက်ပဲစိုးရိမ်ခဲ့တာပါ ” လို့ထုတ်ဖော်ပြောကြာခဲ့ဖူးပြီး ဘယ်လောက်အထိ “ဇိုး” ကျလဲဆိုတာတော့ ပြောစရာ မလိုလောက်တော့ဘူးထင်ပါတယ်။

 




RELATED

Most Popular of Football

Most Popular of Sport