BEC-TERO TV

အိမ်ရာမဲ့တွေအတွက် လုံးချင်းအိမ်တွေ ဆောက်ပေးနေတဲ့ MMA ဖိုက်တာကြီး မက်ဂရီကော်

20 May 2019     1,415 Views


MMA ဖိုက်တာကြီး မက်ဂရီကော်ကို မသိတဲ့သူ မရှိသလောက်ပါပဲ..
 
UFC ပြိုင်ပွဲရ ဲ့ ဖယ်သာဝိတ် နဲ့ လိုက်ဝိတ်တို့မှာ ချန်ပီယံဆုတွေကို သိမ်းပိုက်ထားတဲ့ မက်ဂရီကော်ကို ကမ္ဘာ ့တစ်ဝှမ်းမှ ပရိတ်သတ်တွေက အားပေးတဲ့သူတွေကလည်း အများအပြားပင်၊  အခုရက်ပိုင်းမှာတော့ မက်ဂရီကော်ရဲ့ လုပ်ရပ်ကြောင့် သူရဲ့ ပရိတ်သတ်တွေနဲ့ ကမ္ဘာ ့တစ်ဝှမး်မှ အားကစား ပရိတ်သတ်တွေက ဝိုင်းဝန်းချီးကျူးခြင်းကို ခံနေရပါတယ်။
 
မက်ဂရီကော်ဟာ သူရဲ့ မွေးရပ်မြေ အိုင်ယာလန်နိုင်ငံ ၊ ဒပ်ဗလင်မြို့က အိမ်ရာမဲ့တွေအတွက် နေစရာ အိမ်တွေကို ဆောက်လုပ်ပေးခဲ့ပါတယ်။ အသက် ၃၀ ပြည့်ခဲ့ပြီဖြစ်တဲ့ မက်ဂရီကော်ဟာ သူရဲ့              ငယ်ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီး လက်သမား ဘဝနဲ့ ဖြစ်သန်းရင်း ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

လောလောဆယ် အိမ်ယာမဲ့ မိသားစုတွေနေထိုင်ဖို့ အတွက် အိမ်ပေါင်း 8 လုံး အထိ တည်ဆောက်ပေးနေတာ ဖြစ်ပြီး ၊ အဲဒီ တည်ဆောက်ရေး လုပ်ငန်းတွေဟာ မကြာခင် ပြီးစီးတော့မှာ ဖြစ်ကြောင့် အင်စတာဂရမ် ကနေ တဆင့် အသိပေးလိုက်တာ ဖြစ်ပါတယ်။ အိမ်ရာတည်ဆောက်ဆဲကာလတွေမှာ အိမ်ရာမဲ့ မိသားစုတွေ နေထိုင်ဖို့အတွက် ဟိုတယ်အခန်းတွေကို ငှားပေးထားတယ်လို့သိရပါတယ်။

“အိမ်ရာတွေ တည်ဆောက်ပြီးသွားရင် သူတို့လာနေကြမယ် ၊ အိမ်နီ်းနားချင်တွေဖြစ်ပြီး ပတ်ဝန်ကျင်ကောင်းတွေနဲ့ ရှင်သန်ရမယ် ၊ အဲ့လို့ အတွေးလေးတွေ ဝင်မိတိုင်း သိပ်ကို ကြည်နူးမိပါတယ်” လို့ မက်ဂရီကော်က ပြောပါတယ်။

အခုလိုမျိုး လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့  မြင့်မြတ်တဲ့ စိတ်ဓါတ်တွေကြောင့် ဒီထက်မက ဆက်လက်အောင်မြင်နိုင်ပါစေ ၊ လှူဒါန်းနိုင်ပါစေ ဗျာ……


20 May 2019     1,415 Views




RELATED

Most Popular of Boxing

Most Popular of Sport