BEC-TERO TV

အီဖယ်မျှော်စင်ပေါ် လူတစ်ဦး တွယ်တက်ခဲ့တာကြောင့် ယာယီပိတ်ထားရ (ရုပ်သံ)

21 May 2019     1,698 Views


ပြင်သစ်နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ အီဖယ်မျှော်စင်ပေါ်ကို မေလ ၂၀ ရက် တနင်္လာနေ့က လူတစ်ဦး တွယ်တက်ခဲ့တဲ့အတွက် လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို မျှော်စင်ပေါ်ကနေ လွတ်အောင် ရှင်းလင်းခဲ့ရပါတယ်။
 
မျှော်စင်ပေါ်တွယ်တက်တဲ့ အမျိုးသားဟာ အရေးပေါ်ကယ်ဆယ်ရေးတွေ မီးသတ်သမားတွေလက်ထဲကို မရောက်မီထိ  ၆ နာရီကြာ တွယ်တက်ခဲ့ပြီးမျှော်စင်ရဲ့ ထိပ်ဖျားပိုင်းကို ရောက်နေတာ တွေ့ရပါတယ်။
 
အဆိုပါဖြစ်စဉ်ကြောင့် လာရောက်လည်ပတ်သူများ အန္တရာယ်မဖြစ်စေရန် အီဖယ်မျှော်စင်ကို ယာယီပိတ်ထားဦးမှာ ဖြစ်ပါတယ်။
 
“အီဖယ်တာဝါပေါ်ကို ဘယ်သူမှန်းမသိသေးတဲ့ အမျိုးသားတစ်ဦး တွယ်တက်ခဲ့တာကြောင့် နောက်ထပ် ထုတ်ပြန်ကြေညာချက်တစ်စုံတရာ မထုတ်ပြန်မချင်း ပိတ်ထားဦးမှာဖြစ်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
 
 
ဒီပုဂ္ဂိုလ်ဟာ ဘာအကြောင်းကြောင့် မျှော်စင်ပေါ် တွယ်တက်ခဲ့တာလဲဆိုတာကို ရဲတွေက စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။

21 May 2019     1,698 Views




RELATED

Most Popular of International News

Most Popular of NEWS