အီတလီ ထိပ်သီးအသင်းကြီးတစ်သင်းကို ပြန်လည်ကိုင်တွယ်တော့မယ် ကွန်တီ
21 May 2019 1,726 Views

ကိုယ့်အသင်းဘက်က ဂိုးသွင်းယူပြီးတိုင်း ပရိတ်သတ်တွေနဲ့ အားရဝမ်းသာ အောင်ပွဲခံတတ်တဲ့ အီတလီသားကြီး ကွန်တီဟာ မကြာခင်မှာ နည်းပြလောက သို့ပြန်လည်ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ ကမ္ဘာ ပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ ပရီးမီးယားလိဂ် မှာ စရောက်ရောက်ခြင်းမှာ ချလ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို ဗိုလ်စွဲနိုင်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ထို့နောက် ကွန်တီဟာ ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးဘဲ နောက်နှစ်ရာသီမှာတော့ အီတလီ ထိပ်သီကလပ် အင်တာမီလန်အသင်းကို စာချုပ်သက်တမ်း ၃-၄ နှစ်ချုပ်ဆိုပြီး ကိုင်တွင်သွားမယ်လို့ သိရပါတယ်။
> Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>
ကွန်တီဟာ အီတလီမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိကိုင်တွယ်ဖူးပြီး အောင်မြင်မှုတွေ ရယူနိုင်အောင်စွမ်းဆောင်ထားနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အခု အင်တာမီလန်အသင်းကို အသင်းကြီးတစ်သင်းအဖြစ် ပြန်လည်မြင်တွေ့ အောင် စွမ်းဆောင်ပေးသွားမယ်လို့ သိရပါတယ်။
အသက် ၄၉ နှစ်အရွယ် နည်းပြ ကွန်တီကို ခေါ်ယူဖို့ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် လို့အသင်းကြီးတွေကလည်း ချည်းကပ်နေတယ်လို့သိရပါတယ်။






