BEC-TERO TV

ဘရာစီယာ မဝတ်ခြင်းက အမျိုးသမီးများ ကျန်းမာရေး အန္တရာယ်ရှိ

21 May 2019     1,714 Views


“No Bra Day” ကို ကျယ်ကျယ်ပြန့်ပြန့် လှုံဆော်နေတဲ့ အဖွဲ့အစည်းတွေအတွက်တော့ အငြင်းပွားစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဘရာစီယာ မဝတ်ဘူးဆိုရင် မည်မျှပင်သေးငယ်တဲ့ ရင်းသားဖြစ်စေကာမူ ကျန်းမာရေးအရ အမျိုးသမီးတွေမှာ အန္တရာယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက အထောက်အထားတွေနဲ့ အကြံပေးထားပါတယ်။
 
 
“ဘရာစီယာ မဝတ်တာ ဒါမှမဟုတ် ဆိုဒ်မှားပြီးဝတ်တာတွေကြောင့် ခေါင်းအုံခေါင်းကိုက်ခြင်း၊ ဇက်နာခြင်း နဲ့ ရင်သားနာကျင်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်၊ ရင်သား တွဲကျလာပြီး ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ အဖြစ်မျိုးကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး” ဟု ကမ္ဘာကျော် အမျိုးသမီးအတွင်းခံအမှတ်တံဆိပ် Triumph Lingerie ရဲ့ ကိုယ်တိုင်းကျွမ်းကျင်သူ Paula Svodoba က ပြောပါတယ်။
 
အမျိုးသမီးတွေဟာ ပျှမ်းမျှအားဖြင့် သူတို့ရဲ့ ရင်ဘတ်မှာ ကီလိုနဲ့ ချီတဲ့ ရင်သားရဲ့ အလေးချိန်ကို လွယ်ထားကြရပါတယ်။ ဒီလိုအလေးချိန် ဝန်ကို ထမ်းကြရတဲ့နေရာမှာ ပေါ့ပါးသွားအောင် ဘရာစီယာက အများကြီးကူညီပေးပါတယ်။ ဒါကြောင့် ဘရာစီယာ မဝတ်ပဲနေတဲ့အခါ ဒီဝန်ထုတ်ဝန်ပိုးကို နောက်ကျော ကြွက်သားတွေက ထမ်းရပါတော့တယ်။
 
“ကိုယ့်ရဲ့ ရင်သားဟာ သေးလို့ ဒီလိုသက်ရောက်မှုတွေ မရှိဖူးလို့ မထင်လိုက်ပါနဲ့။ ရင်းသားဟာ ဘရာစီယာဆိုဒ် A ဒါမှမဟုတ် B လောက်ဆိုရင်တောင် နဂိုအတိုင်း ပြန်မဖြစ်တော့တဲ့ ရင်သားတွဲကျတဲ့ ပြဿနာဖြစ်လာပါလိမ့်မယ်။ အမျိုးသမီးအမျာစုက ရင်သားတွဲကျတာဟာ အဓိကအားဖြင့် ရင်သားအကြီးအသေးနဲ့ ဆိုင်တယ်လို့ပဲ မှတ်ယူထားကြတာပါ၊ တစ်ကယ်တော့ အဲဒါကြောင့်မဟုတ်ပါဘူး” လို့ Paula က ရှင်းပြခဲ့ပါတယ်။
 
အထိန်းအကွပ်မရှိတဲ့ ရင်သားရဲ့ လှုပ်ခါမှုတွေကနေ အဆီတစ်ရှုးနဲ့ အရွတ်တွေကို ဆွဲဆန့်သလိုဖြစ်ပြီး ရင်သားတွဲကျမှုကို ဖြစ်စေတာပါ၊ အရွယ်အစားနဲ့ မဆိုင်ပါဘူး”
 
 
ရင်းသား အသေးဆိုဒ်ဖြစ်တဲ့ A ဆိုဒ်သမားတွေဟာ အကြီးဆိုဒ်ဖြစ်တဲ့ E ဆိုဒ်သမားတွေလိုပဲ ဘရာစီယာကို ကိုယ့်အရွယ်အစားနဲ့ ကွက်တိဖြစ်အောင် ဝတ်ဆင်ဖို့လိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ တစ်ခါတစ်ရံ ဘရာစီယာမဝတ်ပဲ နေချင်နေတိုင်ပါတယ် ဒါပေမယ့် မဝတ်ပဲအကြာကြီး ပစ်ထားတာမျိုးတော့ မဖြစ်သင့်ဘူး လို့ အကြံပေးထားပါတယ်။

21 May 2019     1,714 Views




RELATED

Most Popular of Health Fix

Most Popular of NEWS