BEC-TERO TV

ဟော့ပေါ့အိုး ပေါက်ကွဲပြီး စားပွဲထိုးအမျိုးသမီးရဲ့ မျက်နှာထိမှန် (ရုပ်သံ)

22 May 2019     1,879 Views


“ဟိုင်ဒီလောင်း” ဟော့ပေါ့ဆိုင်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် စားပွဲထိုးအမျိုးသမီး၏ မျက်နှာကို ဟော့ပေါ့ရည်ပူများ လောင်ကျွမ်းခဲ့မှုတစ်ခု မေလ ၁၅ ရက်နေ့က တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းလျှက်ရှိသည်။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
တရုတ်သတင်းဌါန စီနာ၏ ဖော်ပြချက်အရ ယူနန်မှာရှိတဲ့ ဟိုင်ဒီလောင်း ဟော့ပေါ့ဆိုင်ခွဲတွင် ဟော့ပေါ့စားသုံးသူတစ်ဦးက သူ့ရဲ့မီးခြစ် ဟော့ပေါ့အိုးထဲ ပြုတ်ကျသွားတဲ့အတွက် စားပွဲထိုးအမျိုးသမီးက အိုးထဲမှာ မွှေနှောက်ရှာဖွေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
 
ရုပ်သံမှာတော့ စားသုံးသူ နှစ်ယောက်ထိုင်နေတဲ့ ဝိုင်းတစ်ဝိုင်းမှာ စားပွဲထိုးအမျိုးသမီးက အိုးထဲကို ဇွန်းနဲ့မွှေနှောက်ရှာနေတာတွေ့ရပါတယ်။ အဲဒီနောက် ရုတ်တရက် အိုးထဲက ပေါက်ကွဲမှုနဲ့အတူ ဟော့ပေါ့ဟင်းရည်ပူတွေ စားပွဲထိုးအမျိုးသမီးရဲ့ မျက်နှာကို တက်စင်သွားတာ တွေ့ရပါတယ်။ စားပွဲထိုးအမျိုးသမီးနဲ့ စားသုံးသူ နှစ်ယောက်ကို ဆေးရုံပို့ထားပြီး ကုသမှုခံယူနေရကြောင်း သိရှိရသည်။
 

22 May 2019     1,879 Views




RELATED

Most Popular of Special or Others

Most Popular of NEWS