မက္ကဆီကိုနိုင်ငံမှာ ပလပ်စတစ်တွေဗူးတွေကိုအသုံးပြုပြီး အိမ်တွေဆောက်လုပ်ပြီး နေထိုင်ကြ
23 May 2019 1,724 Views

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းမျာ ဂျာလီစကိုပြည်နယ်မှာ ပလပ်စတစ်ဗူးတွေ ၊ အဖုံးတွေ ၊ အိတ်တွေကို အသုံးပြုပြီး အိမ်နရံ နဲ့ခေါင်မိုးတွေမှာ တည်ဆောက်ရာမှာ အသုံးပြုလာပါတယ်။
ကမ္ဘာမြေကြီး ကို ဂေဟစနစ်ကောင်းမွန်စေဖို့အတွက် ပင်လယ်သမုဒ္ဒရာအတွင်း အမှိုက်စွန့်ပစ်မှု နည်းပါးလာအောင် ရည်ရွယ်ပြီး အခုလို့ ပရောဂျက် တွေကို လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<

ပင်လယ်နဲ့ မြစ်ချောင်းတွေထဲ စွန့်ပစ်မယ့် ဒီပလတ်စတစ်အမှိုက်တွေကို အကျိုးရှိရှိ အသုံးချပြီး ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ အဲဒီ အိမ်တွေဟာ ငလျင်ဒဏ်ကိုလည်း ခံနိုင်သလို သာမန်ရိုးရိုး တိုက်အိမ်တွေလို အုတ်နံရံ ပြိုကျမယ့် ဘေးလည်း မရှိပါ။

“ဒါဟာ ကမ္ဘာနဲ့ တစ်ဝန်းမှာ ကြုံတွေ့နေတဲ့ ပလတ်စတစ်အမှိုက် ပြဿနာကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ ဒီ ပလတ်စတစ်အိမ်တွေဟာ ပိုပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်သလို ပိုပြီးလည်း ခိုင်ခံ့ပါတယ်။”လို့ ပလတ်စတစ်အိမ်ရာစီမံကိန်းကို ဖော်ဆောင်နေတဲ့ Ecoplastico Ambiental ကုမ္ပဏီက ပြောပါတယ်။






