BEC-TERO TV

ညနေခင်း အပြောင်းအရွေ့ သတင်းတိုများ

24 May 2019     1,284 Views


မန်စီးတီးအသင်းဟာ ကမ်ပနီ နေရာကို အစားထိုဖို့အတွက် မက်ဂွဲယားကို ပေါင် သန်း ၉၀ ဖြင့် ခေါ်ယူသွားမယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက မက်ဂွဲယားကို ပေါင် သန်း ၉၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပါက အမ္ဘာ့ ပြောင်းရွေ့ ကြေး အများဆုံး နောက်ခံလူ အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က က ပြောင်းရွေ့ ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွေ့ ကြေး အများဆုံး နောက်ခံလူ စာရင်းမှာ မှတ်တမ်းဝင်နေပါတယ်။

ဘိုင်ယန်မြူနစ်အသင်းက အနားယူသွားတဲ့ ရော်ဘင် နဲ့ ရီဘာရီတို့နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးတောင်ပံကစားသမား ဆာနေးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ် လို့သိရပါတယ်။ မန်စီးတီးအသင်းက အသင်းမှ ဆာနေးကို ရောင်းမထုတ် လိုသော်လည်း ပြောင်းရွေ့ ကြေး ပေါင် သန်း ၁၀၀ ရရှိရင် လက်ခံစဉ်းစားသွားမယ် သိရပါတယ်။

မန်စီးတီးအသင်းက ဆာနေး နဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆူ အသင်းမှ ထွက်သွားပါက ဘင်ဖီကာ လူငယ်ကစားသမားလေး ဂျို့ ဖိလစ်ကို အစားထိုး ခေါ်ယူသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာအသင်းကနေ ယခုနှစ်နွေရာသီမှာ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့ရဲ့နေရာမှာ ဒုတိယ ဂိုးသမားတစ်ဦးဖြစ်တဲ့ ရိုမီယို နဲ့ အစားထိုးသွားဖို့ကို စီစဉ်နေပါတယ်။

အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်ရောက်ရှိနေပြီဖြစ်တဲ့ ဒီဂီယာဘက်ကနေ စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးခြင်းအခုအချိန်ထိ မရှိသေးသလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမှုဆောင်ချုပ် ၀ုဒ်ဝတ်ဘက်ကနေလည်း ဒီဂီယာတောင်းဆိုထားခဲ့တဲ့ လစာငွေ ပေးချေဖို့ကို ငြင်းဆန်ထားခဲ့တာကြောင့် အခုအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့က ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ လီဗာပူးလ် နောက်ခံလူ ကလိုင်းကို ပေါင် ၁၃ သန်းဖြင့် ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကလိုင်းဟာ  လီဗာပူးလ်အသင်းမှာ နေရာရခဲ့ခြင်းမရှိဘဲ ဘုန်းမောက်အသင်းမှာ အငှား သွားရောက်ကစားရတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းက ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံစဉ်စားသွားဖို့ရှိနေပြီး ဘုန်းမောက်နဲ့ ဝက်စ်ဟမ်း အသင်းတို့ကလည်း ကလိုင်းကို ခေါ်ယူချင်တဲ့ စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

 


24 May 2019     1,284 Views




RELATED

Most Popular of Football

Most Popular of Sport