BEC-TERO TV

ဒေးဗစ် ဘက်ခမ်း အထူးခြေစွမ်းပြခဲ့ပြီး မန်ယူဂန္ထဝင်အသင်းက ဂိုးပြတ်အနိုင်ရရှိ

27 May 2019     1,312 Views


၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ်ပွဲအဖြစ် မနေ့က မေလ(၂၆)ရက်နေ့က မန်ယူဂန္ထဝင်အသင်းနှင့် ဘိုင်ယန်မြူးနစ်ဂန္ထဝင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ယူဂန္ထဝင်အသင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ  (၅-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မန်ယူဂန္ထဝင်အသင်းတွင် နည်းပြ ဆိုးရှားလ် အပါအဝင် ဒေးဗစ်ဘက်ခမ်၊ ဒွိုက်ယော့ခ်၊ နစ်ကီဘတ်၊ ယပ်စတမ်း၊ ပေါလ်စခိုးလ်၊ ရှရင်ဂမ်၊ အန်ဒီ ကိုးလ်၊ ဘလွန်းကွစ်၊ ဂိုးသမား ရှက်မိုက်ကယ် အစရှိတဲ့ နာမည်ကြီး ကစားသမားအများစုပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းကို ၁၉၉၉ ခုနှစ် ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ FA ဖလားတို့ကို ရရှိအာင်စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ ဖာဂူဆန်က ကိုင်တွယ်ခဲ့ပါတယ်။

ဘိုင်ယန်မြူး နစ်ဂန္ထဝင်အသင်းတွင် ဒီမစ်ချယ်လစ်၊ အိုလစ်၊ လိုသာမားသီးယက်စ်၊ အက်ဖင်ဘတ်အစရှိသော ကစားသမားများ ပါဝင်ကစားခဲ့ပြီး နာမည်ကြီး ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

နှစ်ဖက်အသင်း တစ်ချိန်က နာမည်ကြီးကစားသမားတွေနဲ့ အကျိတ်အနယ် ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး မန်ယူတောင်ပံကစားသမား ဘက်ခမ်းကတော့ ခြေစွမ်းတွေ မကျသေးဘဲ အထူးခြေစွမ်းပြကစားထား နိုင်ခဲ့ပါတယ်။

မန်ယူဂန္ထဝင်အသင်းအတွက် ဂိုးတွေကို ဆိုးရှားလ်၊ ဘလွန်းကွစ် ၊ နှစ်ကီဘတ် ၊ ဆာဟာ နှင့်  ပွဲသိမ်းဂိုးကို မန်ယူတောင်ပံ ကစားသမား ဘက်ခမ်းက သွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲတွင် မန်ယူဂန္ထဝင်ကစားသမားများဟာ လာမယ့် ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အိမ်ကွင်း အင်္ကျီ ဒီဇိုင်းအသစ်ကို ဝတ်ဆင် ကစားခဲ့ကြပါတယ်။

 


27 May 2019     1,312 Views




RELATED

Most Popular of Football

Most Popular of Sport