Apple ကို လက်တုံ့ပြန်မည့်အစီစဉ်အား ကန့်ကွက်ကြောင်း ဟွားဝေ တည်ထောင်သူ ပြောကြား
27 May 2019 1,499 Views

အမေရိကန်နိုင်ငံက ဟွာဝေး(Huawei) ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းခဲ့ပြီးနောက်မှာ အမေရိကန် ကုမ္ပဏီဖြစ်တဲ့ Apple ရဲ့ ထုတ်ကုန်တွေကို တရုပ်နိုင်ငံတွင်းမှာ မသုံးစွဲရေးအတွက် လက်တုံ့ပြန်ဖို့ လုပ်ဆောင်မှုတွေကို သူ့အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း ဟွာဝေး တည်ထောင်သူ အကြီးအကဲ Ren Zhengfei က Bloomberg သတင်းဌါနကို ပြောကြားလိုက်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<

Apple ကို လက်တုံ့ပြန်ဖို့ သူ့ဆီကို ဆက်သွယ်လာကြတဲ့ တရုပ်ကုမ္ပဏီတွေ များစွာရှိပြီး ဒီလိုလုပ်ရပ်တွေကို သူ့အနေနဲ့ လုံးဝထောက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် သူ့အနေနဲ့ ဆန္ဒပြရလိမ့်မယ်လို့ ဆိုပါတယ်။
“Apple ကို လက်တုံ့ပြန် ဆန့်ကျင်တာတွေ ဘေဂျင်းမှာ ဖြစ်လာမှာ မဟုတ်ပါဘူး၊ နောက်တစ်ကြိမ် ပြောပါမယ် ဒါမျိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အကယ်၍ ဖြစ်လာခဲ့ရင် ဒီလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူဟာ ကျွန်တော် ပထမဦးဆုံး ဖြစ်ပါလိမ့်မယ်” လို့ Ren က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် အစိုးရအောက်က ကုန်သွယ်ရေးဌါနအနေနဲ့ ဟွားဝေနဲ့ ချိပ်ဆက်မှုတွေကို နှစ်နှစ်အတွင်းမှာ အပြီးသတ်ရှင်းလင်းမှာဖြစ်သော်လည်း ကုမ္ပဏီအနေနဲ့ ချစ်ပ်ပြား ထုတ်လုပ်မှု ပံ့ပိုးမှု ဒါမှမဟုတ် အခြားနည်လမ်းတစ်ခုနဲ့ စမတ်ဖုန်း 5G လောကထဲမှာ နေနိုင်မယ်လို့ Ren က ဝန်ခံပြောဆိုသွားခဲ့ပါတယ်။






