BEC-TERO TV

စင်ကာပူနိုင်ငံတွင် အိမ်အကူအမျိုးသမီးတစ်ဦး တိုက်ပေါ်က ခုန်ချ (ရုပ်သံ)

27 May 2019     1,803 Views


အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦး ၅ လွှာ နေအိမ်ကွန်ဒိုတိုက်ခန်းပေါ် ကနေ ခုန်ချကာ အဆုံးစီရင်ခဲ့တဲ့ ရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
 
ရုပ်သံအရ အမျိုးသမီးဟာ နေအိမ် ပြတင်းပေါက် အပြင်ကိုထွက်ပြီး အုတ်ရိုး ကပန်းပေါ်မှာ မတ်တပ်ရပ်နေခဲ့ပါတယ်။ ရုပ်သံကို ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်သူနဲ့အတူ ပတ်ဝန်းကျင်က လူတွေက အထိတ်တလန့်ဖြစ်ပြီး ခုန်မချရန် လှမ်းအော်ပြောနေတာ တွေ့ခဲ့ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
သူမရပ်နေတဲ့ အခန်းမှာ နောက်ထပ် အမျိုးသမီးတစ်ဦးဟု ယူဆရတဲ့ လူရိပ်တွေ့ခဲ့ပြီး အမျိုးသမီးဟာ အောက်ကလူတွေ ဝိုင်းတားနေတဲ့ကြားကနေ တိုက်ပေါ်က ခုန်ချသွားခဲ့ပါတယ်။ အဆိုပါရုပ်သံကို မေလ ၂၅ ရက်နေ့က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
 
သတိပေးချက်။  ။ ရုပ်သံတွင် စိတ်မကောင်းဖွယ်ရာ မြင်ကွင်းများ ပါရှိပါသဖြင့် ကြည့်ရှုသူများ သတိပြုဆင်ခြင်နိုင်ရန် ကြိုတင် အသိပေးအပ်ပါတယ်။
 
 
အဆုံးစီရင်သွားတဲ့ အမျိုးသမီးဟာ ဘယ်နိုင်ငံသားလဲဆိုတာ သတင်းအတိအကျ မရခဲ့ပေမယ့် မြန်မာအမျိုးသမီး မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေကြပါတယ်။ စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ်လုပ်ကိုင်နေတဲ့ မြန်မာမိန်းကလေးများစွာရှိပြီး အခုလို အဆုံးစီရင်မှု၊ အိမ်ရှင်ကို ပြန်လည် သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ရာဇဝင်လည်းရှိခဲ့တာကြောင့် အခုလို ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

27 May 2019     1,803 Views




RELATED

Most Popular of Special or Others

Most Popular of NEWS