BEC-TERO TV

ဝက်တုပ်ကွေးကြောင့် ဗီယက်နမ်တွင် ဝက်ကောင်ရေ ၁.၇ သန်း သေဆုံး

27 May 2019     1,722 Views


အာဖရိကဝက်တုပ်ကွေး ဗီယက်နမ်နိုင်ငံကို ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ကူးစက်ခံထားရတဲ့ ဝက်ကောင်ရေ ၅ သိန်းကို ထပ်မံရှင်းလင်း သုတ်သင်ခဲ့ရတဲ့အတွက် စုစုပေါင်း ဝက်ကောင်ရေ ၁.၇ သန်းခန့် သေဆုံးခဲ့ရပြီးပါပြီ။ ဒီပမာဏဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ၅% ဖြစ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌါနက မေလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
>>Read More ကို နှိပ်ပြီး ဖတ်ရှုပါ<<
 
လူဦးရေ ၅၉ သန်းရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ မွေးမြူရေးခြံပေါင်း သန်း ၃၀ ရှိပါတယ်။ မွေးမြူရေးခြံတွေက ထွက်တဲ့ လေးပုံသုံးပုံကို ဒေသတွင်းမှာ စားသုံးနေကြပါတယ်။ ဗီယက်နမ်မှာ ဝက်တုပ်ကွေး ဗိုင်းရပ်ကို ဖေဖော်ဝါရီလက စတင်တွေ့ရှိခဲ့ပြီး ပြည်နယ် ၆၃ ခုအနက် ၄၂ ခု ကူးစက်ခံထားရကြောင်း အသားထုတ်လုပ်ရေး ဝန်ကြီးဌါနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
 
အာဖရိက ဝက်တုပ်ကွေးဟာ အန္တရာယ်အကြီးဆုံးနဲ့ ဗီယက်နမ်ရဲ့ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို အကြီးအကျယ်ခိုက်စေတယ်” လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး Nguyen Xuan Cuong က ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
 
ကမ္ဘာ့အကြီးဆုံး ဝက်သားထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ တရုတ်မှာလည်း ဗိုင်းရပ်ပျံ့ပွားနေပြီး ကုသရှင်းလင်းရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ကံကောင်းတာကတော့ အာဖရိကဝက်တုပ်ကွေးဟာ လူကို မကူးစက်နိုင်တာပဲဖြစ်ပါတယ်။
 
ယခုလ စောစောပိုင်းက စစ်တပ်နဲ့ ရဲတို့ ပါဝင်ပူပေါင်းပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် နေရာအနှံ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဗိုင်းရပ်ပိုးဟာ ပတ်ဝန်းကျင်မှာ ပုံစံမျိုးစုံနဲ့ အကြာကြီးငုတ်လျိုးနေနိုင်ပြီး နည်းမျိုးစုံနဲ့ ပျံ့နှံ့နိုင်တာကြောင့် ထိန်းချုပ်ဖို့ ခက်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး Nguyen Xuan Cuong က ပြောဆိုခဲ့ပါတယ်။
 

27 May 2019     1,722 Views




RELATED

Most Popular of International News

Most Popular of NEWS