BEC-TERO TV

ဂျပန်တွင် လူအစုလိုက်အပြုံလိုက် ဓါးထိုးခံရပြီး ၂ ဦးသေဆုံး (ရုပ်သံ)

28 May 2019     1,687 Views


မေလ ၂၈ ရက်(အင်္ဂါနေ့) ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ ကာဝါဆာကီမြို့ရှိ ကားမှတ်တိုင်တွင် ကားစောင့်နေသူများကို အမျိုးသားတစ်ဦးက ဓားနဲ့တိုက်ခိုက်ခဲ့သဖြင့် ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီးသတ်ဌါနမှ ထုတ်ပြန်ကြေညာခဲ့သည်။
 
အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ အသက်ရှိပုံမပေါ်တော့ပါဘူး” ဟု မီးသတ်ဌါနအရာရှိ Yuji Sekizawa က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။
 
 
ရုပ်သံလွှင့်ဌါနတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ ရဲကားတွေ၊ လူနာတင်ကားတွေနဲ့ မီးသတ်ကားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရနေတဲ့ လူတွေကို ကူညီပေးနေတာ တွေ့မြင်ရပါတယ်။
 
 
တိုက်ခိုက်ခံရသူတွေထဲက ၁၇ ဦး ဒဏ်ရာရပြီး အများစုဟာ ကလေးတွေဖြစ်ကြောင်း မီးသတ်ဌါနကဆိုပါတယ်။ ဓါးထိုးခံရသူတွေထဲမှာ ကျောင်းသူလေး ၁၃ ယောက် ပါဝင်တယ်လို့ Kydo သတင်းဌါနက ထုတ်ပြန်ခဲ့ပါတယ်။ ကျောင်းသူလေးတွေဟာ အသက် ၆ နှစ်ကနေ ၇ နှစ်အရွယ်လေးတွေဖြစ်ကြပြီး ပုဂ္ဂလိက ကတ်သလစ်ကျောင်းကို သွားဖို့ ကျောင်းကားစောင့်နေတုန်းမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
 
 
အမျိုးသားတစ်ယောက်က လူတွေကို ဓါးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး နံနက် ၇ နာရီ ၄၄ မိနစ်မှာ အရေးပေါ်အကူအညီတောင်းတဲ့ ဖုန်းလက်ခံရရှိခဲ့တယ်လို့ မီးသတ်ဌါနက ဆိုပါတယ်။
ကျူးလွန်ခဲ့သူ အမျိုးသားကို ရဲအဖွဲ့က ထိန်းသိမ်းခံထားရပြီး သူ့ကိုယ်သူလည်း ဓါးနဲ့ ပြန်ထိုးထားတဲ့ ဒဏ်ရာတွေအများကြီး ရနေကြောင်း ရဲအဖွဲ့က ပြောပါတယ်။
 
အခင်းဖြစ်ပွားတဲ့နေရာမှာ ဓါးနှစ်ချောင်း တွေ့ရှိရပေမယ့် တရားဝင်တော့ အတည်မပြုနိုင်သေးဘူးလို့ ရုပ်သံလွှင့်ဌါနက ပြောကြားခဲ့ပါတယ်။
 

28 May 2019     1,687 Views




RELATED

Most Popular of International News

Most Popular of NEWS