BEC-TERO TV

တန်းဆင်းပြီး ၃ နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို တကျော့ပြန်တန်းတက်နိုင်ခဲ့တဲ့ အက်စတွန်ဗီလာ

28 May 2019     1,673 Views


လာမည့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်လက်ကျန်တစ်နေရာအတွက် မနေ့က အက်စတွန်ဗီလာအသင်းနှင့် ဒါဘီ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီလာအသင်းက ၂-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး နောက်ရာသီ ပရီးမီးယားလိဂ် တန်းတက်လက်မှတ်ကို ရရှိခဲ့ပါတယ်။

၂ သင်းစလုံးအတွက် ဒီပွဲစဉ်ဟာ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံး တစ်သင်းအမှား ၊ တစ်သင်း စောင့်ကာ ကစားခဲ့ကြပါတယ်။ ပထမပိုင်းမှာ ဗီလာအသင်းက ဘောလုံးအသာစီးနဲ့ ကစားထားခဲ့ပြီး ဂိုးပေါက် တည်မတ်မှု တစ်ကြိမ်ကနေ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။  

ဒုတိယပိုင်း ပြန်စ တဲ့ အခါမှာ ချေပဂိုး ရရှိဖို့ အတော်လေး ဆန္ဒ ပြင်းပြ နေတဲ့ ဒါဘီ အသင်း တိုက်စစ် မြှင့်တင် ကစား ခဲ့ပေမယ့် ဂိုးပေါက် နဲ့ နီးစပ် ခဲ့ခြင်းပင် မရှိခဲ့ပါဘူး ။ ထို့အပြင် ပွဲချိန် ၅၉ မိနစ် မှာ ဂိုးသမား ရူးစ် ရဲ့ မပြတ်သား တဲ့ ဆုံးဖြတ်ချက် ကြောင့် မက်ဂင်း က ၄င်း ဘောလုံး မပုတ်မီ ခေါင်းတိုက် သွင်းယူ သွားခဲ့ပါတယ်။ ဒါဘီအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ဝက်ဟွန်းက သွင်းယူပေးခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းပြီး ၃ နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ချလ်ဆီးကစားသမားဟောင်း လမ်းပတ် ကိုင်တွယ်နေတဲ့ ဒါဘီအသင်းဟာ လိဒ်အသင်းကို အဝေးကွင်းမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဗီလာအသင်းကို အရေးနိမ့်ပြီး ပရီးမီးယားလိဂ် တန်းတက်လက်မှတ်ကို ဆုံးရှုံးခဲ့ရပါတယ်။

ဗီလာ ၂-၁ ဒါဘီ (ဟိုက်လိုက်)

 


28 May 2019     1,673 Views




RELATED

Most Popular of Football

Most Popular of Sport