BEC-TERO TV

ဘိန်းဖြူထုတ် ၂၄၆ ထုတ် အစာအိမ်ထဲ မြိုချသယ်လာသူ လေယာဉ်ပေါ်တွင် သေဆုံး

28 May 2019     1,624 Views


ဂျပန်နိုင်ငံသို့ ဘိန်းဖြူ(ကိုကင်း) မှောင်ခိုကုန်ကူးသူ အမျိုးသားတစ်ဦး အစာအိမ်နဲ့ အူများအတွင်း ဘိန်းဖြူထုတ်များ ပြည့်ကျပ်ကာ လေယာဉ်စီးလာစဉ် လေယာဉ်ပေါ်တွင် သေဆုံးခဲ့မှု မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
အသက် ၄၂ နှစ်အရွယ် ဂျပန်အမျိုးသား (အမည်အပြည့်စုံဖော်ပြခြင်းမရှိ) ဟာ မက္ကစီကိုနိုင်ငံကနေ ကိုကင်းအထုတ်ပေါင်း ၂၄၆ ထုတ်ကို သူ့ရဲ့အစာအိမ်၊ အတွင်းကလီစာများထဲ မြို့ချကာ ဘိုဂိုတာမြို့မှ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ လေယာဉ်ဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
 
 
လေယာဉ်ပေါ်မှာ အကြောဆွဲသလို ဝေဒနာခံစားနေရတာကို လေယာဉ်အမှူထမ်းတွေ တွေ့ခဲ့ပြီးနောက် လေယာဉ်ကို မက္ကစီကို နိုင်ငံရဲ့ ဆိုနိုရာမြို့ လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ဟာ နံနက်စောစော ၂ နာရီ ၂၅ မိနစ်အချိန်မှာ ဆင်းသက်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လေယာဉ်ပေါ်တက်ကာ စစ်ဆေးကြည့်တဲ့အချိန်မှာ ခရီးသည်ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
 
 
သေးဆုံရတဲ့အကြောင်းအရင်း သိရှိရန် အလောင်းကို ရင်ခွဲစစ်ဆေးကြည့်ရာမှာ အထုတ်တစ်ထုတ်ကို ၂.၅ စင်တီမီတာရှိတဲ့ ကိုကင်း အထုတ်ပေါင်း ၂၄၆ ထုတ်ကို မြိုချထားတာတွေ့ခဲ့ရပါတယ်။ မူးယစ်ဆေးလွန်ပြီး ဦးနှောက် ယောင်ရမ်းကာ သေဆုံးရတဲ့လက္ခဏာ တွေ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

28 May 2019     1,624 Views




RELATED

Most Popular of International News

Most Popular of NEWS