BEC-TERO TV

တရုတ်ကလပ်သို့ ပြောင်းရွေ့ ချင်နေတဲ့ ရာမို့စ်ကို ရီးရဲလ်အသင်း ဥက္ကဌ ပီရက်က မလိုလား

28 May 2019     1,337 Views


မနေ့ညက သတင်းတွေအရ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဆာဂျီယို ရာမိုစ့်ဟာ တရုတ်ကလပ် အသင်း တစ်သင်းကို ပြောင်းရွေ့ ဖို့အတွက် အသင်းထံမှာ တောင်ဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရာမိုစ့်ဟာ ပြီးခဲ့တဲ့  လပိုင်းအတွင်က အေဂျက်စ်အသင်းကို ရှုံးနိမ်ခဲ့ပြီးနောက် ရာမိုစ့်နဲ့ အသင်း ​ဥက္ကဋ္ဌ ဖလိုရန်တီနို ပီရက် နဲ့ ကတောကစ စကားတွေများခဲ့ပြီး ယခုနှစ်နွေရာသီမှာ အသင်းမှ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်း ဥက္ကဌ ဖလော်ရန်တီနို ပီရက်က  ရာမိုစ့်အား အသင်းကနေ မည်သည့်အကြောင်းကြောင့်မှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ပီရက်ဇ်က ရီးရဲလ်အသင်းရဲ့ အသင်းခေါင်းဆောင်ကို အလွတ်ပြောင်းရွေ့ ကြေးနဲ့ ပေးလိုက်ရအောင် မမိုက်မဲသေးဘူး ၊ ရာမိုစ် က အသင်းမှာဆက်ရှိစေဖို့အတွက် လစာတိုးပေးသွားဖို့ ရှိတယ်လို့လည်း AS သတင်းအရ သိရပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

နည်းပြကြီး ဇီဒန်းကတော့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် အရေးပါသူတစ်ဦးဖြစ်ပြီး အသင်းမှာပဲ ဆက်လက်ရှိနေဖို့ ရာမို့စ်ထံကို မက်ဆေ့ပို့ တားမြစ်ခဲ့လို့ သိရပါတယ်။

ရာမို့စ်ကိုခေါ်ယူဖို့ မန်ယူ ၊ လီဗာပူးလ် ၊ ဂျူဗင်တပ်စ် စတဲ့ အသင်းကြီးအများစုက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၃၃နှစ်အရွယ် ရာမို့စ်ကို ၂၀၀၅ ခုနှစ်က ဆီဗီလာအသင်းကနေခေါ်ယူခဲ့တာဖြစ်ပြီး ရီရဲလ်အသင်းမှာ ပွဲပေါင်း ၆၀၀ ကျော်ကစားထားခဲ့ပါတယ်။

ရာမို့စ်၏စာချုပ်မှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးပြီး တစ်နှစ်လစာ ယူရို ၁၂ . ၅ သန်းနှင့် စာချုပ်လျော်ကြေးတန်ဖိုးမှာ ယူရို သန်း ၈၀၀ အထိရှိနေပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်ကစားသမားဘဝ ၁၄ ရာသီ အတွင်း လာလီဂါချန်ပီယံ လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ စပိန် ဘုရင့်ဖလား နှစ်ကြိမ်အပါအဝင် အောင်မြင်မှုများစွာရရှိထားခဲ့ပါတယ်။


28 May 2019     1,337 Views




RELATED

Most Popular of Football

Most Popular of Sport