BEC-TERO TV

ကိုယ့်ကိုယ်ကို သတ်သေမိလို့ တောင်းပန်ပါတယ်လို့ပြောလာတဲ့ ဂူဟာရာ

28 May 2019     1,505 Views


တောင်ကိုးရီးယား နာမည်ကျော် ကေပေါ့ပ်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂူဟာရာ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၊ ညသန်းခေါင်ယံအချိန်မှာ နေအိမ်တွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရဲဋ္ဌာနမှာ အချိန်မီရောက်ရှိလာပြီး တားဆီးနိုင်ခဲ့တာဖြစ်တဲ့အတွက် အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။ ဒီလို ဆိုးဝါးတဲ့အခြေအနေမျိုးတွေဖြစ်ပွားပြီးနောက် ဂူဟာရာက သူမဘာကြောင့် ဒီလိုသတ်သေရတယ်ဆိုတာ ရှင်းလင်းချက်ထုတ်ပြန်လာခဲ့ပါတယ်။ ဂူဟာရာတစ်ယောက် ဘယ်လိုပြောသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟာရား ဟာအခုလို ပရိတ်သတ်တွေစိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ကြောင်း ရေးသားခဲ့ပါတယ်။ “အကုန်လုံးကို စိတ်ပူစေတဲ့အတွက်တောင်းပန်ပါတယ် အခုတော့ ကျွန်မအတတ်နိုင်ဆုံးနေပြန်ကောင်းအောင် ကြိုးစားနေပါတယ်။ လတ်တလောဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေက ကျွန်မမှာ မကောင်းတာတွေ အကုန်စုပြုံလာတယ်နဲ့တူပါတယ်။ တောင်းပန်ပါတယ်။ ရှေ့လျှောက်အကောင်းဆုံး လုပ်ဆောင်သွားပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်တဲ့ မိန်းမတစ်ယောက်အဖြစ်၊ ကျန်းမာရေးကောင်းတဲ့ ဂူဟာရာအဖြစ်မြင်စေရပါတယ်။  ဖြစ်ပျက်တာတွေအကုန်လုံးအတွက်တောင်းပန်ပါတယ်။” ဆိုပြီး ထပ်တလဲလဲတောင်းပန်နေခဲ့ပါတယ်။

ဂူဟာရာဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၀၁၈ မှာ ချစ်သူကောင်လေးရဲ့ ရိုက်နှက်နှိပ်စက်မှုကိုခံခဲ့ရပြီး စိတ်ရောလူပါထိခိုက်သွားပုံပါပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် တရားခွင်မှာ သူမရည်းစားဟောင်းက အနိုင်ရရှိသွားပါတယ်။ လက်ရှိမှာ Choi Jong Bum အမည်ရှိ သူမရဲ့ ရည်းစားဟောင်းဟာ ဆံပင်ညှပ်ဆိုင်အသစ်ဖွင့်လှစ်ထားပြီး ဂူဟာရားကို ရိုက်နှက်နှိပ်စက်မိခဲ့ကြောင်း အင်တာနက်ကနေတဆင့် လူထုကိုဝန်ချတောင်းပန်ခဲ့ပါတယ်။

 ကြောင်သူတော် ကြွက်သူခိုးလို သူတော်ကောင်းယောင်ဆောင်နေပြတဲ့ သူမရည်းစားဟောင်းကြောင့် ဂူဟာရားတစ်ယောက် အကြီးအကျယ်စိတ်ထိခိုက်ပုံရကြောင်း အွန်လိုင်းမီဒီယာမှာ အငြင်းပွားလာကြပါတယ်။ တိုက်ဆိုင်စွာပဲ Choi Jong Bum ဆံပင်ညှပ်ဆိုင် ဖွင့်ပြီး သိပ်မကြာတဲ့ ရက်ပိုင်းမှာ ဂူဟာရာက ကိုယ့်ကိုယ်ကို သတ်သေဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 


28 May 2019     1,505 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS