BEC-TERO TV

အမ်မရီဘောလား ၊ ဆာရီဘောလား

28 May 2019     1,314 Views


မနက်ဖြန်ညမှာ ဥရောပအသိမှတ်ပြု ယူရိုပါလိဂ် ဖိုင်နယ်ကို အဇာဘိုင်ဂျန်၊ ဘာကူမှာ အာဆင်နယ် အသင်းနှင် ချလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲဟာ ၂ သင်းစလုံးအတွက် အရေးပါနေပြီး ချလ်ဆီးနည်းပြ ဆာရီကလည်း ချလ်ဆီးအသင်းမှာ ဆက်ရှိနေဖို့အတွက် ဖလားရအောင် စွမ်းဆာင်ရမှာဖြစ်သလို့ အာဆင်နယ်အသင်းအတွက်က ချန်ပီယံလိဂ် ဝင်ခွင့်လက်မှတ်တစ်ခု ဖြစ်တာကြောင့် ပို၍တောင် အရေးပါတယ်လို့ ဆိုရပါမယ်။ ဘာပဲဖြစ်ဖြစ် နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေပါတယ်။

>>Read More နဲ့ စာဖြန့်ချပါ<<

ဆာရီဘော

ဆာရီဟာ ပြီးခဲ့တဲ့နှစ်ကမှ ချလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ပြီး ဝေဖန်မှုတွေမျာစွာနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ အသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှုမရှိခြင်း ၊ အနိုင်ကန်သင့်တဲ့ အသင်းငယ်လေးတွေကို ဂိုးပြတ်ရှုံး နိမ့်မှုတွေကြောင့် “Serri Get Out ” ဆိုတဲ့ စကားသံတွေဟာ ချလ်ဆီဖန်တွေကြားမှာ အမြဲလိုလိုကြားခဲ့ရပါတယ်။ သို့ပေမယ့် သူရဲ့ ချလ်ဆီးအသင်းကို ကိုင်တွယ်တဲ့ ပထမဦးဆုံး ရာသီမှာတင် ချလ်ဆီးအသင်းကို သေချာစေတဲ့ ချန်ပီယံဝင်ခွင့် ၊ ကာရာဘောင်း ဖိုင်နယ် နှင့် ယူရိုပါလိဂ်ဖိုင်နယ်(ဖိုင်နယ်ကန်ရန်ရှိ) ကို ရောက်အောင်စွမ်းဆောင်ပေးထားနိင်ခဲ့ တာကြောင့် ဆာရီ ဘော ရဲ့ နည်းစနစ်ဟာ ထင်သလောက် မနိမ့်ကျသေးဘူးဆိုတာ သက်သေပြထားနိုင်ခဲ့ပါတယ်။

နည်းပြဆာရီကို ခေါ်ယူဖို့ အသင်းဟောင်း နာပိုလီ နဲ့ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေလျှက်ရှိနေတာကြောင့် သူအနေနဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရရင်တောင် သူကို ကိုယ်တွယ်စေချင်တဲ့ အသင်းတွေက အဆင့်သင့်ရှိနေပါတယ်။ တစ်ဖက်မှာလည်း ချလ်ဆီးအသင်းက ဆာရီကိုထုတ်ပြီး ကစားသမားဟောင်း ဒါဘီနည်းပြ လမ်းပတ်ကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ဆာရီက နောက်နှစ်မှာ ချလ်ဆီးအသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ဖွင့်ဟထားသူတစ်ဦးဖြစ်ပါတယ်။ နောက်နှစ်အသင်းမှာ ဆက်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ  ဆာရီဘော မနိမ့်ကျကြောင်း ပြသချင်တယ်ဆိုရင်တော့ ဥရောပ အသိအမှတ်ပြု ယူရိုပါလိဂ်ဖလားကြီးကို ရယူပေးနိုင်ဖို့ လိုအပ်ပါတယ်။

အမ်မရီဘော

အာဆင်နယ်နည်းပြ အမ်မရီဟာ ၂၀၁၈ ခုနှစ် မေလ ကမှ ပီအက်စ်ဂျီအသင်းနေ ပြောင်းလာပြီး အာစင်ဝင်းဂါးနေရာမှာ အစားထိုးဝင်ရောက် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် အသင်းကို ကိုင်တွယ်တဲ့ ကာလမကြာသေးပေမယ့် အာဆင်နယ်အသင်းကို ကိုယ်ပိုင်မှု ကိုယ်ပိုင်ဟန်နဲ့ အာဆင်နယ်အသင်းကို တဖန်ဆန်းသစ်စေခဲ့ပါတယ်။ အမ်မရီကိုင်တွယ်တဲ့ အစပိုင်းပွဲစဉ်တွေမှာ ပရီမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပေမယ့် နောက်ပိုင်း လက်ကျန်ပွဲစဉ်တွေမှာ ဘယ်လာရင် ၊ဟိုဒင်း ၊ ရမ်ဆေး နဲ့  ကိုယ်စီရယ်နီ တို့ကို  ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတာကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဝင်ခွင့်အတွက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် ယခု ယူရိုပါလိဂ်ဖိုင်နယ်ဟာ အာဆင်နယ်အသင်းအတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရေကုန်ထုတ် ကန်လာမယ်ဆိုတာ ကျိန်းသေပါတယ်။ အမ်မရီဟာ ယူရိုပါလိဂ်မှာ အစဉ်အလာကောင်းတွေရှိခဲ့ပြီး ဆီဗီလာနဲ့အတူ ယူရိုပါလိဂ်ဖလားကို သုံးနှစ်ဆက် ရယူနိုင်ခဲ့ပါတယ်။ ဒီလို အစဉ်အလာကောင်းတွေရှိတဲ့ အမ်မရီကပဲ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ် ဝင့်ခွင့်ရရှိဖို့အတွက်နဲ့ သူ့ ရဲ့ ယူရိုပါလိဂ် အစဉ်အလာကောင်းတွေကို ဆက်ထိန်းသွားဖို့ နှစ်ကျပ်ကွက် ပလန်တွေ လုပ်ဆောင်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

ကိုးကား BBC Sports, UEFA


28 May 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport