BEC-TERO TV

ဒေးဗစ် လူဝစ် နဲ့ ဂွန်ဇာလို ဟီဂွာအင် တို့အချင်းများခဲ့ကြပြီး ချလ်ဆီးနည်းပြ ဆာရီဒေါသတကြီး ပေါက်ကွဲ

29 May 2019     1,357 Views


ချလ်ဆီးအသင်းဟာ မနေ့က အဇာဘိုင်ဂျန် ၊ ဘာကူမြို့မှာ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် လေ့ကျင့်ခန်းအစီအစဉ်များ ပြုလုပ်နေစဉ်အတွင်း ဝါရင့် ကစားသမားတွေဖြစ်ကြတဲ့ ဒေးဗစ်လူဝစ် နဲ့ ဂွန်ဇာလို ဟီဂွာအင် တို့ အချင်းများခဲ့ကြပါတယ်။ နည်းပြ ဆာရီကတော့ ဒေါသတကြီး ပေါက်ကွဲခဲ့ပြီး အသင်း LOGO ပါ ဦးထုပ်ကို ကန်ထုတ်ပြီး အဝတ်လဲခန်းကို ပြန်သွားခဲ့ပါတယ်။

>>Read More နဲ့ စာဖြန့်ချပါ<<

ချလ်ဆီးအသင်း ပြောရေးဆိုခွင့် ရှိသူ တဦးကတော့ ဆာရီ ဒေါသ ထွက်ခဲ့တာ ဟာ အချင်း များခဲ့တဲ့ ဒေးဗစ်လူးဝစ် နဲ့ ဟီဂွာအင် တို့ကြောင့် မဟုတ်ပဲ ၊ လေ့ကျင့်ရေး အစီအစဉ် အတွက် အချိတ်အဆက် မိမိ ကစားနိုင်ခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ BT Sports နဲ့ အင်တာဗျူး တခုမှာ ရှင်းပြခဲ့ပါတယ်။

“နည်းပြကြီး ဒေါသထွက်တာဟာ အသင်းရဲ့ တစ်နာရီစာ လေ့ကျင်ခန်းအစီအစဉ်မှာ နောက်ဆုံး ၁၅ မိနစ်မှာ အချိန်ဆက်မိမိ ကစားနိုင်ခြင်းမရှိတာကြောင်ဖြစ်ပြီး ၊ အသင်းက ပြသာနာက အဲ့ဒီလောက်မကြီးကျယ်ပါဘူ၊ မီဒီယာတွေရဲ့  သာမန်ထက် ပိုပြီး ဖွလိုက်တာကြောင့် ဒီလိုတွေ ဖြစ်ကုန်တာပါ ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ “ ကျွန်တော့ကစားသမားတွေ အားလုံးကို သဘောကျပါတယ်။ ဘာလို့ဆိုတော့ သူတို့မှာ ထူးချွန်တဲ့ ကစားသမားတွေ ၂၂ ယောက်ရှိနေလို့ပါ ၊ရာသီအစပိုင်းမှာ ကစားသမားတွေရဲ့ ခံယူချက်ကို ကျွန်တော် ကပဲ နည်းမလည်ခဲ့တာလား ၊ ကျွန်တော်က ပဲ သူတို့လို့ ပြောင်းလဲသွားတာလား မသိတော့ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

ချလ်ဆီးအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမကန်မီ အခုလို ပြသာနာတွေ ဖြစ်တာကြောင့် အသင်းစည်လုံးညီညွတ်မှု မရှိတာကို ပေါ်လွင်စေပြီး ဒီညကန့်မည့် ပွဲအပေါ်မှာ သက်ရောက်မှု ဖြစ်စေမလားဆိုတာကို စောင့်ကြည့်သွားရမှာပါ။

 


29 May 2019     1,357 Views




RELATED

Most Popular of Football

Most Popular of Sport