BEC-TERO TV

ကြံရည်ကြိတ်ရင်း စက်ထဲကို လက်ဝင်သွားတဲ့ အမျိုးသမီး

29 May 2019     1,870 Views


မလေးရှားနိုင်ငံ ဆာဗားပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြံရည်ကြိတ်နေစဉ် စက်ထဲသို့ လက်ဝင်သွားပြီး ညပ်နေတဲ့ ဖြစ်စဉ်တစ်ခု မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
 
Era Fazira Ramli ဟာ စက်ထဲမှာ လက်ညပ်ကာ နာကျင်လွန်းတာကြောင့် ငယ်သံပါအောင် အော်ဟစ်ခဲ့တာကြောင့် အိမ်နီးချင်းတွေရောက်လာပြီး လက်ကို ပြန်ထုတ်ဖို့ ကူညီခဲ့ကြပေမယ့် အဆင်မပြေခဲ့ပါဘူး။ 
 
မီးသတ်ဌါနက ရောက်လာပြီး အရေးပေါ်ကယ်ဆယ်ရေးတွေပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးဟာ လက်ကာက်ဝတ်ထိ စက်ထဲညပ်ပါသွားခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံကို ကို့ပေးခဲ့ကြပြီး ယခုဆိုရင် အခြေအနေက စိုးရိမ်စရာမရှိတော့ကြောင်း သိရှိရပါတယ်။

29 May 2019     1,870 Views




RELATED

Most Popular of Special or Others

Most Popular of NEWS