BEC-TERO TV

အိမ်ထောင်ရေး ဖောက်ပြန်တဲ့ခင်ပွန်းကို နောင်ကျဉ်သွားအောင် အပြစ်ပေး (ရုပ်သံ)

29 May 2019     1,944 Views


လူစည်ကားတဲ့နေရာက ကားခေါင်မိုးပေါ်မှာ ကိုယ်လုံးတီးချွတ်နဲ့ အမျိုးသားကို လူတွေဝိုင်းကြည့်ကာ ပျက်ရယ်ပြုကြနေကြတာကို တွေ့ရပါတယ်။ ဒီလူဟာ အိမ်ထောင်ရေး ဖောက်ပြန်လို့ ဇနီးဖြစ်သူက အခုလို ကားခေါင်မိုးပေါ်တင်ပြီး မြို့ပတ်ကာ အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
 
ကိုလံဘီယံသတင်းဌါနမှာ ဖော်ပြထားချက်အရ ကာရစ်ဘီယန်ကိုစတယ်လ်မြို့က မိုတယ်တစ်လုံးမှာ အခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို ဇနီးသည်က ခြေရာခံဖမ်းမိခဲ့ပြီးနောက် အခုလို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
 
အမျိုးသားက သူ့ရဲ့အမှားအတွက် ဇနီးကို တောင်းပန်ခဲ့ပေမယ့် ဒေါသအကြီးအကျယ်ထွက်နေတဲ့ ဇနီးက သူ့ကို ကိုယ်လုံးတီးချွတ်ပြီး ကားအမိုးပေါ်မှာ တက်နေမှ ကျေနပ်မယ်လို့ အတင်းစေခိုင်းတဲ့အတွက် ကားအမိုးပေါ်မှာ အဝတ်ဗလာနဲ့ တက်ပြီး ဝမ်းလျားမှောက် နေခဲ့ရပါတယ်။ အနီးနားက ဖြတ်သွားတဲ့သူတွေက သူ့ကိုလှောင်ပြောင် ရယ်မောကြပြီး ဖုန်းကင်မရာတွေနဲ့ ရိုက်ကူးနေကြတာကို ရုပ်သံထဲမှာတွေ့ခဲ့ရပါတယ်။
 
 
အမျိုးသားရဲ့ အမည်က Jairo Vargas ဖြစ်ပြီး ဇနီးရဲ့အမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ကိုလံဘီယံ ရဲတွေက Vargas ကို လမ်းပေါ်မှာ ပတ်ဝန်းကျင်ကို အနှောက်ယှက်ဖြစ်စေမှုနဲ့ ဖမ်းဆီးပြီး အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာပေးပို့တာကို ခံခဲ့ရပါတယ်။
 
ဒီလိုအဖြစ်ပျက်တွေကြောင့် Jairo Vargas ကတော့ နောက်တစ်ခါ မဖောက်ပြန်ရဲတော့လောက်အောင် သူ့ဘဝမှာ တစ်သက်လုံး နောင်ကျဉ်သွားစေမှာ အမှန်ပါပဲ။ 
 

29 May 2019     1,944 Views




RELATED

Most Popular of Special or Others

Most Popular of NEWS