BEC-TERO TV

ချန်ပီယံလိဂ် ပွဲစဉ်မှာ မျက်နှာချင်းဆိုင် ပြန်လည်တွေ ရဦးမယ် အာစင်ဝင်းဂါး နှင့်မော်ရင်ဟို

29 May 2019     1,337 Views


လာမည့် ဇွန်လ ၂ ရက်နေ့မှာ ကစားမည့်ဥရောပအသိမှတ်ပြု ချန်ပီယံလိဂ် ဖိုင်နယ်ကို စပိန်နိုင်ငံ ၊ မက်ဒရစ်မှာ လီဗာပူးလ် အသင်းနှင် စပါး အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါကြည့်ကောင်းမယ့်ပွဲကို beIN SPORTS ရုပ်သံမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်မယ့် နာမည်ကြီး နည်းပြနှစ်ယောက်လည်း ရှိနေပါတယ်။

သူတို့ကတော့ ရန်သူကြီးတွေဖြစ်ခဲ့ကြတဲ့ အာဆင်နယ်အသင်း၏ နည်းပြဟောင်းဖြစ်တဲ့ အာစင်ဝင်းဂါး နဲ့ ချလ်ဆီးအသင်း နည်းပြဟောင်း မော်ရင်ဟို တို့ကလည်း  beIN SPORTS အစီအစဉ်တင်ဆက် မှုမှာ ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အာစင်ဝင်းဂါးက အာဆင်နယ်အသင်းနည်းပြရာထူးကနေ အနားယူပြီးနောက် အလုပ်သစ်မရှိသေးပါဘူး။ ချလ်ဆီးနည်းပြဟောင်း ဖြစ်တဲ့ မော်ရင်ဟိုကလည်း မန်ယူအသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း နည်းပြရာထူး ကမ်းလှမ်းခံထားရပေမယ် စိတ်ကြိုက် အသင်းမတွေ့ ရှိသေးတာကြောင့် ဘောလုံးအစီအစဉ်တင်ဆက်သူတွေ ဖြစ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၀၀၆ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး မော်ရင်ဟိုကတော့ ပေါ်တို ၊ အင်တာ တို့နဲ့ ချန်ပီယံလိဂ် ဖလားကို ၂ ကြိမ်တိုင် ရအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် နည်းပြဘဝ မှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ ဒီနည်းပြနှစ်ယောက် အစီအစဉ်တင်ဆက်မှုတွေက စိတ်ဝင်စားစရာဖြစ်နေမှာပါ။


29 May 2019     1,337 Views




RELATED

Most Popular of Football

Most Popular of Sport