BEC-TERO TV

အားသွင်းရင်း ဖုန်းအသုံးပြုစဉ် ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား

30 May 2019     2,038 Views


အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဖုန်းအားသွင်းနေရင်း ဖုန်းအသုံးပြုနေခဲ့တာကြောင့် ဓါတ်လိုက်သေဆုံးမှုတစ်ခု မေလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ နခွန်ရချတ်စီမာ စီရင်စုတွင် ဖြစ်ပွားခဲ့သည်။
 
လူငယ်ဟာ သူငှားရမ်းနေထိုင်ရာ အိမ်ခန်းအတွင်း သေဆုံးနေပြီး နံရံရှိမီးပလပ်တွင် အားသွင်းကြိုးထိုးလျှက်တန်းလန်းနဲ့ ဖုန်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလျှက် သေဆုံးနေကြောင်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဖုန်းကိုကိုင်ထားတဲ့ သူ့ရဲ့လက်မှာလည်း မီးလောင် ပေါက်ပြဲဒဏ်ရာတွေ တွေ့ရပါတယ်။
 
 
လူငယ်ဟာ အဆိုပါအခန်းတွင် တစ်ယောက်ထဲနေထိုင်ပြီး ထိုနေ့က သူ့ရဲ့ဆွေမျိုးတစ်ယောက် အိမ်လာလည်မည်ကို စောင့်နေရင်း ဖုန်းအသုံးပြုကာ စောင့်နေခဲ့ခြင်းဖြစ်ပါတယ်။ ဆွေမျိုးဖြစ်သူ ရောက်လာချိန်တွင် အိမ်တံခါးသော့ခတ်ထားလျှက် ခေါ်လို့လည်း မရတာကြောင့် တစ်ခုခုတော့ ဖြစ်နေပြီဟု စိတ်ပူကာ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ တာဝန်ရှိသူတွေက တံခါးကို ဖျက်ပြီး အိမ်ထဲဝင်ရောက်ခဲ့ရာမှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
 
 
ဆေးစာအရ လူငယ်ဟာ သူ့ရဲ့ဆွေမျိုး အိမ်တံခါးလာမခေါက်ခင် ၅ နာရီလောက်ထဲက သေဆုံးနေခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူ လူငယ်ရဲ့ မိခင်ဟာ သတင်းကြားကြားခြင်း ရှော့ခ်ရကာ စိတ်ထိခိုက်ခဲ့ပါတယ်။ မိခင်ရဲ့ ပြောပြချက်အရ လူငယ်ဟာ လိမ္မာသူဖြစ်ပြီး ငယ်စဉ်ထဲက မိဘအပေါ် သိတတ်ကူညီသူဖြစ်ကြောင်း သိရှိရပါတယ်။

30 May 2019     2,038 Views




RELATED

Most Popular of Special or Others

Most Popular of NEWS