BEC-TERO TV

အသက်(၄၀)ကျော်များအတွက် Fashion လမ်းညွှန်

28 Aug 2015     1,550 Views


ပထမဆုံးကတော့ ဆိုင်ေ၇ွးချယ်မှုပဲဖြစ်ပါတယ် ယခုခေတ်မှာများသောအားဖြင့်ဆယ်ကျော်သက်အရွယ်တွေ ၂၀ကျော်တွေဝတ်တဲ့ အ၀တ်တွေကိုပဲ ဖွင့်ထားတဲ့ဆိုင်တွေများပြားပါတယ် ဒီလိုဆိုင်မျိုးတွေကိုတော့ မသွားတာအကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုဆိုင်မျိုးမှာ ကိုယ်နဲ့ သင့်တော်တဲ့ အ၀တ်အစားရှိခဲ့မယ်ဆိုရင်တောင် အနည်းအကျင်းပဲ ရှိမှာပါ။ရှိရင်းစွဲ အသက်ထက်နုပျိုအောင် ဒီလိုမျိုးဝတ်လိုက်မယ်ဆိုရင် ပြင်ဆင်ထုံးဖွဲ့နိုင်ရင်တော့နိုင်ပါလိမ့်မယ် ကိုယ်ရဲ့ အသက်အရွယ်နဲ့ မအပ်ဆက်တဲ့အတွက်ကြောင့် ဘေးလူတွေအမြင်မှာလဲ ကြည့်မကောင်းပြီး ပိုပြီးအရှက်ရစေနိုင်ပါတယ်။

ပိုပြီး  အိုသယောင်လဲ မ၀တ်ဆင်သင့်ပါဘူး ကိုယ်ကအသက်ကြီးနေပြီဆိုပြီး ကိုယ်ရဲ့ ရှိတဲ့အသက်ထက်ပိုပြီးအိုစာတဲ့အ၀တ်အစားတွေလဲဝတ်တက်ကြပါတယ်။၄၀ကျော်အရွယ်မှာရှိသေးတဲ့အတွက်ကြောင့် ဖွားဖွားတွေဝတ်ဆင်တဲ့ရူးပုံတုံးတုံးတွေ အရောင်ဖျော့ဖျော့ကတီပါအထူဘောင်းဘီတွေ ၊ကြိုးတက်ထားတဲ့မျက်မှန်တွေ မ၀တ်သင့်ပါဘူး ရှိရင်းအသက်ထက်ပိုအိုစေပါတယ်။သက်တောင့်သက်သာဖြစ်စေမဲ့အရာတွေကိုေ၇ွးရမှာပါ ကိုယ်ကငယ်ချင်လို့လူငယ်တွေဝတ်တဲ့ ရင်ဟိုက်တွေ စကပ်တိုတွေဝတ်တဲ့အခါ  တကယ်တန်းဝတ်လိုက်တဲ့အခါ သက်တောင့်သက်သာမရှိပဲ နေရထိုင်ရ အဆင်မပြေနိုင်ပါဘူး၊

ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်ပြီး ပေါ့ပါးတဲ့ ၀တ်စုံဆိုရင်တော့ ကိုယ့်ရဲ့ အသက်ကို ဘေးဖယ်ပြီးခန ၀တ်ဆင်လို့ရပါတယ်။ အဓိကကတော့ စိတ်နဲ့ ခန္ဓာကိုယ်အတွက် သက်တောင့်သက်သာဖြစ်ဖို့အရေးကြီးပါတယ်။ အရောင်ေ၇ွးချယ်မှုကလဲ အရေးကြီးပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ ဘယ်အရောင်လေးကို ၀တ်လိုက်ရင် လိုက်မယ် ၊ ဘယ်အရောင်မျိုးဆို ရှောင်သင့်တယ်ဆိုတာ တေါကို သတိထားရပါမယ်။ အရောင်တောက်တောက်တွေ  crazy colour တွေဝတ်မယ်ဆိုရင်တော့ မလိုက်ဖက်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း ထင်ထင်ရှားရှား ၀တ်သင့်ပါတယ်။

ခေတ်လွန်နေတဲ့ ခေတ်ပေါ် အကျီင်္တွေကတော့ အသက်ငယ်ငယ်ရွယ်ရွယ်လေးတွေကို ဦးစားပေးပြီးဝတ်လိုက်ပါ ။ ကိုယ်ကျတော့ ကိုယ်ပိုင်ဟန် အပြည့်ရှိတဲ့ရိုးရိုးရှင်းရှင်း အပြည့်ရှိတဲ့ပုံကိုသာ တဆိုက်မတ်မတ် ရွေးချယ်ပြီးဝတ်ရပါမယ်။ ရိုး၇ှင်းတဲပုံစံကိုဝတ်လိုက်တဲ့အတွက် တောက်ပတဲ့ Accessories လေးတွေဖြည့်ပြီးဝတ်လို့လဲ ရပါတယ် ။ အနက်ရောင် ရှူးကို ရွေးမဲ့အစားတောက်ပတဲ့ အပြာရောင်ကိုပြောင်းပြီးရွေးလို့ ရပါတယ်။ လက်ကိုင်အိတ်မှာဆိုရင် ကိုင်နေကြ ရွှေဝါရောင် လက်ကိုင်အိတ်ဆိုရင် ခနထားပြီးတော့ အစိမ်းရောင် ၊ သန္တာရောင် အိတ်မျိုးတွေကိုလဲေ၇ွးလို့ရပါတယ်။ ၀တ်နေကြ ဂျင်းအပြာ အစား အဖြူရောင်ဂျင်းမျိုးတွေ ကိုအမြင်သစ်သွားအောင် ရွေးလို့ရပါတယ်။

အသက်၄၀ အရွယ်ဟာ ငယ်ငယ်ရွယ်ရွယ်လေးတွေလိုလဲ ၀တ်လို့မရသလို အသက်ကြီးတဲ့ ပုံစံကိုလဲ ရွေးလို့မရပြန်ပါဘူး ။ ကိုယ်ရဲ့ အပြန်စား ဖြစ်စေမဲ့ သွင်ပြင်ကို လဲ သိရပါမယ်။ ခန္ဓာကိုယ် အချိုးအစား ကလဲ အရေးကြီးပါတယ် ။ သွယ်လျှတဲ့ ခြေထောက်လေးတွေ ရှိမယ်ဆိုရင်ေထြောက်အလှကို ပေါ်လွင်စေမဲ့ စကပ်လေးတွေ ၀တ်လို့ ရပါတယ်။ ပြေပြစ်ပြီးတော့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားရှိသေးတယ် ဆိုရင်လဲ အချိုးအစားကို ပေါ်လွင်အောင်ဝတ်တက်ရပါမယ်။ ကိုယ့်ရဲ့ လှပတဲ့ အရာကို ပေါ်လွင်အောင်ဝတ်တက်ရပါမယ်။

အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးလာ တဲ့ အခါ စိတ်အခြေအနေအရကို လျှော့လိုက်တာတွေ ၊ အိမ်ထောင်ရှင်မတွေဖြစ်နေတဲ့အတွက် အိမ်မှုကိစ္စတွေကလဲ ရှိမယ် ၊ စိတ်ကိုလျှော့ပြီး မပြင်မဆင်နေလာတာတွေ ၊ ဒီလိုနေလာတဲ့အတွက် အမျိုးသမီးတစ်ယောက်ရဲ့ အလှဟာစွဲဆောင်မှုတွေလျှော့နဲလာတဲ့အချက်တွေဖြစ်လာပါတယ်။ ၀တ်စားဆင်ယဉ်မှုက လှပြီး အပေါ်က မျက်နှာပြင်ဆင်မှု မရှိ မိတ်ကပ်လဲ မပြင် ၊ ဆံပင်လဲ ဖယိုဖရဲ ဖြစ်နေရင်လဲ ကိုယ့် ရဲ့အ၀တ်အစားလှတာတောင်ပျောက်သွားနိုင်ပါတယ်။ မိနစ်ပိုင်းလေးလောက်အချိန်ပေးပြီး  ဆံပင် ၊ မိတ်ကပ် ၊အ၀တ်အစားလေးတွေကို သေချာပြင်မယ်ဆိုရင် ၄၀ ကျော်မှာ အလှဆုံး မမတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။


28 Aug 2015     1,550 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style