BEC-TERO TV

MMA ကစားသမားတွေကို စိန်ခေါ်တဲ့ သိုင်းသမား ၆ စက္ကန့်နဲ့ ပွဲသိမ်း (ရုပ်သံ)

30 May 2019     1,942 Views


တရုတ်နိုင်ငံ ချန်ဒူးမြို့က ရိုးရာသိုင်းပညာ “ဝင်းချောင်” ဝါသနာရှင်တစ်ယောက်က စီချွမ်းမြို့က MMA သိုင်းပေါင်းစုံကစားသမားတွေကို အွန်လိုင်းကနေ ရုပ်သံလွှင့်ပြီး ကြိုက်တဲ့လူထွက်ခဲ့လို့  စိန်ခေါ်ခဲ့ပါတယ်။
 
“မင်းတို့ထဲက ဘယ်သူငါနဲ့ ချချင်လဲ၊ ထွက်ခဲ့” လို့ ရုပ်သံမှာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ဝင်းချောင် သိုင်းပညာရဲ့ အစွမ်းကို ပြသချင်တာလည်းပါသလို သူ့ရဲ့အရည်အချင်းကို စမ်းသပ်ချင်တာလည်းပါပါတယ်။
 
သူ့ရဲ့ စိန်ခေါ်မှုကို MMA ကစားသမား ‘ဟောင်လီဂျင်း’ က လက်ခံလိုက်ပြီး ချန်ဒူး အားကစားလေ့ကျင့်ရုံက လှောင်အိမ်ထဲမှာ ထိုးသတ်ဖို့ ချိန်းဆိုလိုက်ပါတယ်။
 
အံ့အားသင့်စရာ ဘာမှမရှိပဲ ၆ စက္ကန့်နဲ့ ပွဲသိမ်းသွားခဲ့ပါတယ်။
 
 
ဝင်ချောင် သိုင်းသမားက ရိုးရာဝတ်စုံဝတ်ပြီး MMA ကစားသမားက တီရှပ်အဖြူ ဘောင်းဘီတို ဝတ်ဆင်ထားပါတယ်။ ဒိုင်လုပ်တဲ့သူက စလို့ရပြီလို့ ပြောတာနဲ့တပြိုင်နက် ဝင်းချောင် သိုင်းသမားက ဟန်ရေးပြင်နေတုန်း MMA ကစားသမားက အရှိန်နဲ့ ပြေးကာ ညာထောက်လက်သီးတစ်လုံး ပစ်သွင်းပြီး ဘယ်ဝိုက်လက်သီး တစ်ချက်ထဲနဲ့ ဝင်းချောင်သိုင်းသမား ခြေပစ်လက်ပစ်ပြုတ်ကျပြီး မေ့လဲသွားပါတယ်။ စုစုပေါင်း အချိန် ၆ စက္ကန့်သာ ကြာမြင့်လိုက်ပါတယ်။
 
 
“Ip Man ရုပ်ရှင်ဇာတ်ကားတွေက တစ်ကယ်ကောင်းပါတယ်၊ ဒါပေမယ့် ဒီရုပ်ရှင်တွေကြည့်ပြီး ‘ဝင်းချောင်’ သိုင်းသမားတွေက သူတို့ကိုယ်သူတို့ အဟုတ်ကြီးထင်နေကြတယ်’ လို့ YouTube ချန်နယ်မှာ ဝင်ရောက်ရေးသားသူတစ်ဦးက ဝေဖန်ထားပါတယ်။
 
 
အရင်ကလည်း အခုလိုမျိုး MMA ကစားသမားတွေကို စိန်ခေါ်ခဲ့တာတွေရှိပြီး နောက်ဆုံးမှာ သိုင်းသမားတွေပဲ စက္ကန့်ပိုင်းအတွင်း အလဲထိုးခံရတာတွေချည်း ဖြစ်ခဲ့ဖူးပါတယ်။

30 May 2019     1,942 Views




RELATED

Most Popular of Special or Others

Most Popular of NEWS