BEC-TERO TV

ချဲလ်ဆီးအသင်းမှာ (၇) နှစ်တာကစားခဲ့ပြီး အသင်းပရိတ်သတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ဟာဇက်

30 May 2019     1,376 Views


မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့က အိုလံပစ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲ ပြီးမြောက်ခဲ့ပါပြီ။ ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ် ဆုဖလားကြီး ဒုတိယအကြိမ်မြောက် ဆွပ်ခူးသွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ် All English Final ပွဲစဉ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့သူက အီဒင် ဟာဇက် နဲ့ အိုလီဗာ ဂီရော့ တို့ရဲ့ အထူးခြေစွမ်းပြသခဲ့တာပဲဖြစ်ပါတယ်။

မနေ့က နိုင်ပွဲကြောင့် ချဲလ်ဆီးပရိတ်သတ်တွေအတွက် အားရဝမ်းသာ ဂုဏ်ယူဝမ်းမြောက် ဖြစ်စေခဲ့သလို့ အသင်းရဲ့ အဓိက ကစားသမား အီဒင် ဟာဇက် လည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ အတည်ပြုပြောဆိုခဲ့တာကြောင့်အသင်းပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာ သတင်းလို့ဆိုရပါမယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

မနေ့က ပွဲဟာ ဟာဇက် က ချဲလ်ဆီးအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွေ့ တော့မယ် ဆိုတဲ့ သတင်းကိုလည်း ဟာဇက်က အတည်ပြုပြောကြားခဲ့ပါတယ်။

“ကျွန်တော်အထင်တော့ အသင်းနှင့် အသင်းပရိတ်သတ်တွေကို နှုတ်ဆက်ရမယ့် အချိန်ရောက်လာပါပြီ၊ ကျွန်တော့ ဘဝအတွက်နောက်ထပ် စိန်ခေါ်မှုအသစ် ဖြစ်လာမှာပါ။ ဒီယူရိုပါလိဂ်ကြီးဟာ ချဲလ်ဆီး ပရိတ်သတ်တွေရယူနိုင်ခဲ့တာဖြစ်ပြီး အားလုံးကိုချစ်ပါတယ် ” လို့ ဟာဇက်က နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

ဟာဇက်ကို ချဲလ်ဆီးအသင်းက  ပြင်သစ်ကလပ် လိုင်လီအသင်းကနေ ပေါင် ၃၂ ဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း ၃၅၂ ပွဲအထိကစားပေးခဲ့ပြီး သွင်းဂိုးပေါင်း ၁၁၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒီ ယူရိုပါလိဂ် ဖလားဟာ ဟာဇက်အတွက် ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အဆိုပါပွဲစဉ်မှာလည်း သွင်းဂိုး၂ ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးသွားနိုင်ခဲ့ပါတယ်။

 

အသင်းသစ်မှာ ပျော်ရွင်ပါစေ အီဒင် 


30 May 2019     1,376 Views




RELATED

Most Popular of Football

Most Popular of Sport