BEC-TERO TV

မက်စီ ၊ စီရော်နယ်ဒို တို့တောင်မရဖူးတဲ့ စံချိန်တွေကို ပိုင်ဆိုင်ခဲ့တဲ့ ပက်ထရို

30 May 2019     1,335 Views


ချဲလ်ဆီးအသင်းတိုက်စစ်ကစားသမား ပက်ထရိုဟာ ကစားသမားဘဝမှာ မက်စီ ၊ ရော်နယ်ဒို တို့တောင် မရဖူးတဲ့ ဥရောပ ဖလားပေါင်စုံ ကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းနဲ့ အတူ ယူရိုပါလိဂ်ဖလားကို ကိုမြောက်နိုင်ခဲ့ပြီးတဲ့နောက် ဘောလုံးလောကရဲ့ တန်ဖိုးကြီး ဖလား (၅) လုံးစလုံးကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပက်ထရိုဟာ နိုင်ငံအသင်းနဲ့ အတူ ၊ ကလပ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား၊ ယူရိုပါလိဂ်ဖလား ၊ ဥရောပဖလား ၊ ပရီးမီးယားလိဂ်ဖလား နှင့် ကမ္ဘာ့ ဖလား အားလုံးကို ကိုင်မြောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၅ ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

အသက် ၃၁ နှစ်အရွယ် ပတ်ဒရိုဟာ ကစားသမားဘဝမှာ အဓိကဆုဖလားအောင်မြင်မှု ၂၆ ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပတ်ဒရိုဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၅ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ်၊ စပိန်စူပါဖလား ၆ ကြိမ်၊ ဖီဖာ ကမ္ဘာ့ ချန်ပီယံ ဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား ၅ ကြိမ် အသီးသီးရရှိထားခဲ့ပါတယ်။

လက်ရှိချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ အခုယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သလို စပိန်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ၂၀၁၂ ယူရိုဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။


30 May 2019     1,335 Views




RELATED

Most Popular of Football

Most Popular of Sport