BEC-TERO TV

ပြိုင်ပွဲမတိုင်ခင်မှာ အချင်းပွားခဲ့ကြပေမယ့် ဖလားရပြီးနောက် သိပ်ချစ်သွားကြတဲ့ လူးဝစ်နဲ့ ဟီဂွာအင်

30 May 2019     1,290 Views


ချဲလ်ဆီးအသင်း၏ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဒေးဗစ်လူဝစ် နဲ့ ဂွန်ဇာလို ဟီဂွာအင် တို့ဟာ ယူရိုပါလိဂ်ဖိုင်နယ် ပွဲမတိုင်ခင်မှာ လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း အချင်းများခဲ့ကြပါတယ်။ ဒါ့ကြောင့် နည်းပြ ဆာရီ ဒေါသတကြီး ပေါက်ကွဲခဲ့ပါတယ်လို့ သတင်းတွေဖော်ပြခဲ့ကြပါတယ် ။ သူတို့နှစ်ဦး၏ အချင်းများမှုကြောင့် ချဲလ်ဆီးကစားသမားတွေ စည်းလုံးမှု ပြိုကွဲနေကြပြီလို့တောင် ပရိတ်သတ်တွေက အမျိုးအမျိုး ထင်ကြေးပေးခဲ့ကြပါတယ်။.

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ဒါပေမယ့် ချဲလ်ဆီးအသင်းကတော့ အများထင်သလိုမဟုတ်ဘဲ ယူရိုပါလိဂ်ဖိုင်နယ်မှာ အာဆင်နယ်အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို ၂ ကြိမ်ဆက် ရယူနိုင်ခဲ့ပါတယ်။ ထို့နောက် အချင်းများခဲ့ကြတဲ့ လူဝစ်နှင့် ဟီဂူအင် တို့ဟာ နှစ်ယောက်သား အစဉ်ပြေသွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် အပျော်တွေကြားမှာ မြင်တွေ့ နေခဲ့ရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွာအင်ဟာ ချဲလ်ဆီးအသင်းကို ရာသီဝက်အငှားဖြင့် လာရောက် ကစားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရပြီး ၅ ဂိုးသာသွင်းယူထား နိုင်ခဲ့ပါတယ်။

ဒေဗစ် လူးဝစ်ဟာ ချလ်ဆီးအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလားကို ၂ ကြိမ်စလုံးရခဲ့ဖူးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ လူဝစ်ဟာ ခြေစွမ်းပြကစားထားနိုင်မှုကြောင့် မကြာသေးမီကမှ ချဲလ်ဆီးအသင်းက ၂ ရာသီ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။

 


30 May 2019     1,290 Views




RELATED

Most Popular of Football

Most Popular of Sport