BEC-TERO TV

အသက် ၁၆ နှစ်မိန်းကလေးရဲ့ အစာအိမ်ထဲမှ ဆံပင်ထွေးကြီး ခွဲထုတ်ဖယ်ရှားခဲ့ရ

30 May 2019     1,826 Views


‘ရစ်ပန်ဇယ်လ် စင်ဒရုန်း’ လို့ ဆေးပညာရှင်များ အမည်တပ်ပေးထားတဲ့ ဆံပင်တွေကို စားတတ်တဲ့ အလေ့အကျင့်ဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေးဟာ ဒီရောဂါခံစားရပြီးနောက် သူ့ရဲ့ အစာအိမ်ထဲက ဧရာမဆံပင်အလုံးကြီးကို ဆရာဝန်တွေ ခွဲစိပ်ပြီး ဖယ်ရှားပေးခဲ့ရပါတယ်။
 
 
အမည်ဖော်ပြထားခြင်းမရှိတဲ့ ကျောင်းသူလေးဟာ ရုရှားနိုင်ငံ ဆီဘာရီယံမြို့မှဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲကစပြီး သူ့ဆံပင်သူဝါးပြီး မြိုချတတ်တဲ့ အလေ့အထ စွဲလာခဲ့တာပါ။ လူရဲ့အစာအိမ်က ဆံချည်မျှင်တွေကို အစာချေမပေးနိုင်တာကြောင့် ဆယ်စုနှစ်တစ်ခုစာ စုလာခဲ့တဲ့ ဆံပင်တွေဟာ အစာအိမ်ထဲမှာ အထွေးလိုက် အလုံးလိုက် တစ်ဖြည့်ဖြည်းပြည့်လာခဲ့ပါတယ်။
 
 
သိပ်မကြာခင် အချိန်ကမှ စပြီး အစာချေလမ်းကြောင်း ပြဿနာဖြစ်လာတာကြောင့် ဆေးရုံတက်ခဲ့ရာမှ အစာအိမ်ထဲမှာ ဆံပင်ချည်ထွေးကြီး တစ်ဆို့နေတာကို သိခဲ့ရပါတယ်။ ဆရာဝန်တွေ ခွဲစိပ်ဖယ်ရှားလိုက်တဲ့ ဆံပင်ချည်ထွေးဟာ အလေးချိန် ကီလိုတစ်ဝက်ခန့်ရှိပြီး အစာအိမ်ရဲ့ ၈၀% ကို နေရာယူထားတယ်လို့ သိရပါတယ်။ ခွဲစိပ်မှု ပြီးသွားတဲ့အခါ ပြန်လည်နေကောင်းလာပြီး ပိုပြီးပေါ့ပါးသလို ခံစားရတယ်လို့ မိန်းကလေးက ဆိုပါတယ်။
 
 
ဒါဟာ ၂၅ နှစ်အတွင် ‘ရစ်ပန်ဇယ်လ် စင်ဒရုန်း’ ကို ဒုတိယအကြိမ် ကုသဖြေရှင်းပေးရခြင်းဖြစ်ကြောင်း ဆေးမှတ်တမ်းများအရ သိရှိရပါတယ်။ ဆရာဝန်တွေက မိန်းကလေးအနေနဲ့ စိတ်ကုဆရာဝန်နဲ့ ဆက်လက် ကုသမှုခံယူဖို့ လိုကြောင်းလည်း အကြံပြုခဲ့ပါတယ်။

30 May 2019     1,826 Views




RELATED

Most Popular of Special or Others

Most Popular of NEWS