BEC-TERO TV

Crop Top Fashion လေးများအကြောင်း

28 Aug 2015     1,458 Views


Crop Top Fashion အများစုဟာ ခါးတို အကျီင်္လေးတွေ ဖြစ်ပြီး ယခုခေတ်မိန်းကလေးတော်တော်များများ ၀တ်လာကြပါပြီ။ ဗိုက်ပေါ်နေတာလေးတွေ ၊ တချို့ ခါးရှည်လေးတွေလဲ ရှိပါတယ် မိန်းကလေး တော်တော် များများ က ဒီဇိုင်းလေးကို ကြိုက်သက်ကြတဲ့ အတွက်ဝတ်ဆင်လာကြပါတယ်။ ဒီလို ၀တ်ဆင်တဲ့ အခါ အရေးအကြီးဆုံး အချက် တချက်ကတော့ ခန္ဓာကိုယ် အချိုး အစားပဲ ဖြစ်ပါတယ် ။ Beach ၊ Party တို့သွားမယ်ဆိုရင် ဒီဝတ်စုံကလှပပေမဲ့ ရုံးသွားတဲ့ အခါဝတ်ဆင်ရင်တော့ မလိုက်ဖက်ပါဘူး။ ၀တ်ဆင်မဲ့ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်မယ်ဆိုရင်တော့ ပိုပြီး လှပပါတယ်။

မိန်ကလေး အများစုက ဒီပုံစံလေးကို ကြိုက်နှစ်သက်ပေမဲ့ ဘယ်လို ပုံစံမျိုးနဲ့တွဲဝတ်ရမယ်ဆိုတာကို မသိသေးသူများလဲ ရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက်လိုက်ဖက်မဲ့ပုံစံကလဲ မတူညီပါဘူး  crop top လေးတွေနဲ့ အောက်က ဘာနဲ့ တွဲဝတ်မယ်ဆိုတာလဲ အရေးကြီးပါတယ် တချို့က ဘောင်းဘီ အရှည်လေးတွေနဲ့လိုက်မယ် တချို့က စကပ်လေးတွေနဲ့လိုက်ကြပါတယ် ။ Crop Top အကျီင်္လေးတွေက ရှည်တာလဲ ရှိပါတယ် ခါတိုအကျီင်္လေးတွေက ရှည်တာဝတ်မယ်ဆိုရင် ဘောင်းဘီက တိုတာလေးနဲ့လိုက်ဖက်ပါတယ်။

Crop Top အကျီင်္လေးက ခါးတိုမယ်ဆိုရင်တော့ ခါးမြင့်ဘောင်းဘီနဲ့ စကပ်တွေ ဒါတွေနဲ့လိုက်ဖက်ပါတယ် ။ ဒီအကျီင်္လေးတွေဟာ ခါးလွတ်အကျီင်္လေးတွေဖြစ်တဲ့အတွက် မိန်းကလေးတွေ အနေနဲ့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ၀တ်ဆင်လို့ရတယ်။ ဂျင်းကနေစပြီး စကပ်အတိုလေးတွေ အထိ တွဲဝတ်လို့ရပြီး ပွဲတက်လို့လဲ လိုက်ဖက်ပါတယ် ။ ပုံစံမျိုးစုံလဲ ရှိပြီး အတို အရှည် စိတ်ကြိုက်ေ၇ွးလို့ရပါတယ်။ သက်တောင့် သက်သာ ဖြစ်စေမဲ့ လိုက်ဖက်မဲ့ အကျီင်္ကိုလဲေ၇ွးလို့ပါတယ်။ လည်ပင်း အကျယ် ကိုလဲ ကရုပြုရမှာပါ ကိုယ်ဝတ်မဲ့ Crop Top ဟာ အတိုလေး ဖြစ်နေမယ်ဆိုရင် လည်ပင်းကို ပိတ်လေလေ ကောင်းပါတယ် အပိတ်ဒီဇိုင်းများနဲ့ ပို လိုက်ဖက်ပါတယ်။

တွဲဖက်ရာမှာလဲ ဂျင်းဘောင်းဘီ အရှည်လေးတွေနဲ့ ဆိုရင် အပေါ်က Crop top လေးကို ခါးစည်းကြိုးပါတာလေးနဲ့ လိုက်ဖက်ပါတယ် ခါးတိုခြင်ရင် ခါးစည်းကြိုးကို မြင့်မြင့်လေး ချည်ထား ပြီး လျှော့လျှော့လေး အောက်ကို လျှောပြီးချည်ထားလို့လဲ ရပါတယ်။ အပေါက်အပြဲ  ဂျင်းအတိုလေးတွေ နဲ့ ဆွယ်တာလိုမျိုး အကျီလက်ရှည် အဖြူလေးတွေနဲ့လဲ တွဲဖက်ဝတ်လို့ရပါတယ် ။ ဒူးအောက်ချတဲ့ စကပ်မျိုးတွေလဲ Crop top လေးနဲ့ လိုက်ဖက်ပါတယ် ။ ခါးမြင့် ဘောင်းဘီတွေနဲ့ ဆိုရင် Crop Top အရှည်လေးတွေနဲ့လဲ ၀တ်လို့ရပါတယ်။

ဘောင်းဘီတိုနဲ့ Crop  Top အတိုလေးကို တွဲ ၀တ်မယ်ဆိုရင် ဖိနပ် အပါးလေးနဲ့ ပိုလိုက်ဖက်ပါတယ်။ ပွဲတက်မယ်ဆိုရင်လဲ  Crop  Top အကျီလေးကို စကပ်အရှည် ကားကားလေး နဲ့ ဒေါက်မြင့် ဖိနပ်စီးလိုက်မယ်ဆိုရင် ပွဲမှာလှပနေမှာ ဖြစ်ပါတယ် ။ Crop Top အကျီင်္လေးတွေကိုလဲ ဘောင်းဘီ ကြိုး သိုင်းလေး ၊ ဘွတ်ဖိနပ်လေးနဲ့ လဲ တွဲ ၀တ်လို့ရပါတယ် ။ Crop  Top အကျီင်္လေးတွေဟာ ပုံစံမျိုးစုံ ဖန်တီးလို့ရပါတယ် ။

လူကြီး ဆန်ချင်ရင်လဲ စကပ်လေးတွေနဲ့ တွဲ ၀တ်လို့ရပါတယ်။ နွေရာသီမှာပေါ့ပေါ့ ပါးပါး  ဘောင်းဘီတိုလေးရယ် ခါးမြင့် စကပ်တိုလေး တွေနဲ့ တွဲဝတ်တာများပါတယ် ။ဖိနပ်ရွေးချယ်ရာမှာလဲ ခါးမြင့်ဘောင်းဘီရှည်တွေ ၊  စကပ်ရှည်တွေ ၀တ်တော့မယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ်လေးနဲ့ လိုက်ဖက်ပါတယ်။ ခါးမြင့် ဘောင်းဘီတိုလေး တွေ စကပ်တိုလေးတွေ ၀တ်တော့မယ်ဆိုရင်တော့ ဖိနပ် ပါးပါးလေးတွေ ဘွတ်ဖိနပ်လေးတွေ နဲ့ လိုက်ဖက်ပါတယ် ။


28 Aug 2015     1,458 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style