BEC-TERO TV

ဝက်မွေးမြူရေးခြံတွင် အဆိပ်သင့်ဓာတ်ငွေ့ရှုမိပြီး သားအဖ သုံးယောက် သေဆုံး

31 May 2019     2,091 Views


ထိုင်းနိုင်ငံရှိ ဝက်မွေးမြူရေး ခြံတစ်ခြံတွင် သမီးငယ်လေး နှစ်ယောက်နဲ့ ဖခင်ဖြစ်သူတို့ မီသိမ်းဓါတ်ငွေ ရှုရှိုက်မိကာ အဆိပ်သင့်ပြီး နေရာတွင် လဲကျသေဆုံးမှုတစ်ခု မေလ ၂၉ ရက် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။
 
တမုတ်ပြည်နယ် တန်ဘွန်းကလောင်ရီ စီရင်စုရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ဖခင်နဲ့ အသက် ၇ နှစ်နှင့် ၉ နှစ်အရွယ် သမီးနှစ်ယောက်တို့ကို ဝက်ချေးများ လှောင်ထားသည့် တွင်းပေါ်တွင် ဖုံးအုပ်ထားသော စောင်ပေါ်တွင် လဲကျသေဆုံးလျှက် တွေ့ရှိခဲ့ရသည်။
 
သေဆုံးသူ၏ဇနီး ‘အယ်ရာဝမ်မာတို’ ၃၆ နှစ်ရဲ့ ပြောပြချက်အရ သားအဖ သုံးယောက် ဝက်ခြံရှင်းလင်းရန်နဲ့ ဝက်စာကျွေးဖို့ သူတို့နေအိမ်နဲ့ ၃ ကီလိုမီတာခန့်ဝေးတဲ့ ဝက်ခြံကို ထွက်သွားခဲ့ကြပြီးနောက် ညမိုးချုပ်သည်ထိ ပြန်မလာတာကြောင့် ဆွေမျိုးအချို့ကို အဖော်ခေါ်ပြီး သွားကြည့်ခဲ့ရာ အခုလို ဝက်မစင်တွင်းပေါ်တွင် သားအဖသုံးယောက်စလုံး လဲကျသေဆုံနေတာကို တွေ့ခဲ့ရကြောင်း ပြောပြခဲ့သည်။
 
မစင်တွင်းဝတွင် လွှမ်းထားသောစောင်မှာ အိမ်သုံးလောင်စာ ဘိုင်အိုဂစ်ရရှိရန် လုပ်ထားခြင်းဖြစ်သည်။ စောင်မှာ ပေါက်ပြဲနေပြီး မြေသြဇာတွေ ပြန့်ကျဲနေတာကို တွေ့ခဲ့ရပါတယ်။ ဆွေမျိုးများက သားအဖတွေရဲ့ အလောင်းကို ပြန်လည်သယ်ယူနိုင်ခဲ့ပြီး သူတို့ဟာ မီသိမ်းဂတ်စ်ကို ရှုရှိုက်မိပြီး သေဆုံးတယ်လို့ ယူဆထားပါတယ်။
 
ရဲတွေရဲ့ ကောက်ချက်အရ သမီးနှစ်ယောက်ဟာ စောင်ပေါ်မှာ ကစားနေခဲ့ပါတယ်။ စောင်ကပေါက်နေတာကိုမသိကြပါဘူး၊ အဲဒီကနေ ဂတ်စ်အနံ့ကစိမ့်ထွက်လာပြီး ကလေးနှစ်ယောက် သတိလစ်မေ့မျောချိန်မှာ ဖခင်ဖြစ်သူက ကယ်ဖို့ ရောက်လာရာကနေ သူပါဓာတ်ငွေ့ရှုရှိုက်မိပြီး အသက်ရှုကြပ်ကာ လဲကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

31 May 2019     2,091 Views




RELATED

Most Popular of Special or Others

Most Popular of NEWS