BEC-TERO TV

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းဗိုလ်စွဲသည့်အတွက် လိုင်ယွန်အသင်းဥက္ကဋ္ဌ ကျေးဇူးအထူးတင်

31 May 2019     1,287 Views


လိုင်ယွန်အသင်းဥက္ကဋ္ဌ အောလက်စ်က ချဲလ်ဆီးအသင်းက ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့အတွက်ကြောင့် လိုင်ယွန်အသင်းအနေဖြင့် အုပ်စုအဆင့်ကနေ တိုက်ရိုက်ယှဉ်ပြိုင်ရမှာဖြစ်သည့်အတွက် ချဲလ်ဆီးအသင်းကို ကျေးဇူးအထူးတင်ကြောင်း Twitter မှတဆင့် ပြောကြားခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ ချုပ် (UEFA) ဝင်ခွင့်ခွဲတမ်းသတ်မှတ်ချက်အရ ပြင်သစ်လီဂူးမှ ထိပ်ဆုံး ၂ သင်းသာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး အဆင့် ၃ ကအသင်းက ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။သို့သော်လည်း ချဲလ်ဆီးအသင်းက ယူရိုပါလိဂ်ဖလားကို ရရှိခဲ့သည့်အတွက် အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲစဉ်းမျဉ်းအရ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး ချဲလ်ဆီးက အဆိုပါအခွင့်အရေးကို ပရီးမီးယားလိဂ်ရပ်တည်မှုမှာ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့် လီဂူးမှာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၃ ဖြင့် ရာသီသိမ်းခဲ့တဲ့ လိုင်ယွန်အသင်းက ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။

“ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့တဲ့ ချလ်ဆီးအသင်းကို ဂုဏ်ပြုပါတယ်၊ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်တို့အသင်းကို ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကန်တီ နဲ့ ဂီရော့ တို့ကို့လည်း ပြင်သစ်သာ နှစ်ဦးကို ကျေးဇူးတင်လိုပါတယ် ” လို့ အောလက်စ်က Twitter စာမျက်နှာမျာ ရေးသားခဲ့ပါတယ်။


31 May 2019     1,287 Views




RELATED

Most Popular of Football

Most Popular of Sport