BEC-TERO TV

KTV သွားတဲ့ယောကျ်ားကို မကျေနပ်လို့ ဇနီးက ဓားနဲ့ထိုးရာမှ သေဆုံး

31 May 2019     2,083 Views


မော်လမြိုင်မြို့တွင် KTV သွားသည့်ကိစ္စနဲ့ ပက်သက်ပြီး မကျေမနပ်ဖြစ်ရာမှ ဇနီးဖြစ်သူက ခင်ပွန်းကို ဓားနဲ့ထိုးရာ ဒဏ်ရာပြင်းထန်စွာရရှိပြီး သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၃၀ ရက်နေ့ညက ဖြစ်ပွားခဲ့သည်။
 
 
မော်လမြိုင်မြို့ ဒေါင်းဇရပ် တက္ကသိုလ်ဖြတ်လမ်းဟောင်းရှိ နေအိမ်တွင် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က KTV မှ ပြန်လာသော ယောက်ျားကို မိန်းမဖြစ်သူမှ မကျေမနပ်ဖြစ်ကာ ဓားနဲ့ထိုးရာမှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြသည်။
 
 
လူနာမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သတင်းရရှိသည်။ လူနာမှာ ဓားထိုးခံရပြီး အချိန်အတော်ကြာပြီးမှ သတင်းရခဲ့သဖြင့် သွေးလွန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်နဲ့ ပက်သက်ပြီး မော်လမြိုင်မြို့ရဲအဖွဲ့မှ ဆက်လက်စုံစမ်း အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
 
သတင်း/ဓါတ်ပုံ - BoBoWin Rescue

31 May 2019     2,083 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS