BEC-TERO TV

ခရီးသွားချိန်ဝမ်းချုပ်ခြင်းရောဂါကိုဖြေရှင်းနည်း

28 Aug 2015     1,299 Views


ခရီးသွားတဲ့ အခါ 40% လူတွေဟာဝမ်းချုပ်တက်ကြပါတယ်။ဝမ်းချုပ်ခြင်းရခြင်းဟာ နေထိုင်ပုံတွေပြောင်းသွားလို့ ဖြစ်ပါတယ်။ ခရီးသွားတဲ့ အခါ အစာစားတဲ့ အချိန်တွေအိပ်တဲ့ အချိန်တွေမတူညီတဲ့ အတွက်ကြောင့်အချိန်မတူ တဲ့ နိုင်ငံတွေကိုခရီးသွားတဲ့ အခါပိုပြီးခံစားရပါတယ်။ ပင်ပန်းနွယ်နွယ်ပြီး ခန္ဓာကိုယ်တွင်း ကမောက်ကမ ဖြစ်စေပါတယ်။

အစာချေစနစ်ကိုလဲ သက်ရောက်မှုတွေရှိလာပါတယ်။ ကိုယ်နဲ့ မရင်းနီးတဲ့ ရေအိမ်တွေကို မသွားတက်သူများမှာလဲ ဒီလို ဝေဒနာ ခံစားရတက်ပါတယ်။ခရီးသွာတဲ့ရက်အတိုအရှည်ပေါ်မူတည်ပြီး ၀မ်းချုပ်ခြင်း လက္ခဏာတွေ ခံစားရတက်ပါတယ်။နည်းလေးလေးတွေကတော့ အိပ်ရာနိုးတဲ့အခါလမ်းလျှောက်ရပါမယ် ၊ ကားနဲ့ခရီးသွားနေတာ ဖြစ်ဖြစ်လေယာဉ်နဲ့ ခရီးသွားနေတာဆိုရင်လဲ အမြဲ ထိုင်နေခြင်းကို မလုပ်ပဲခနတဖြုတ်ထလမ်းလျှောက်သင့်ပါတယ်။

နံနက်စာစားတဲ့ အခါ ဟင်းသီးဟင်းရွက်ကို စားပေးသင့်ပါတယ် ။ တက်နိုင်သမျှ မိမိ ပြုလုပ်နေကျ အလေ့အကျင့်အတိုင်းပြုလုပ်ပေးပါ။ နံနက်တိုင်းကိုယ်စားနေကြ အစားအစာ ၊ ထမင်းစားချိန် ကိုယ်လုပ်နေကြအတိုင်းပြုလုပ်ပေးပါ ။ရေကိုလဲ များများသောက်ပါ ။အိပ်သာကိုလဲ တနေ့လုံးမသွားခြင်းမျိုး မပြုလုပ်သင့်ပါဘူး အိမ်သာသွားဖို့အချိန်ပေးသင့်ပါတယ်။သဘာ၀၀မ်းနှုတ်ဆေးကိုလဲဆောင်ထားသင့်ပါတယ်။ယခုလို ပြုလုပ်ခြင်းဖြင့် ခရီးသွားတဲ့အခါ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။


28 Aug 2015     1,299 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style