BEC-TERO TV

နားကြပ်နဲ့ ဓါတ်လှေကားတံခါး ညပ်ပြီး အမျိုးသမီးတစ်ဦး ခေါင်းပြတ်သေဆုံး

31 May 2019     1,578 Views


အိန္ဒိယနိုင်ငံက အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အလုပ်ထဲမှာ ဓါတ်လှေကားညပ်ပြီး ဦးခေါင်းပြတ်ကာသေဆုံးခဲ့ရမှု မေလ ၂၇ ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ Final Destination ရုပ်ရှင်ထဲကလို ဆန်းကြယ်တဲ့ အဖြစ်မျိုးနဲ့ မယုံကြည်နိုင်လောက်အောင် မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
 
‘ဆူရှိလာ ဗစ်ရှ်ဝါကာမာ’ အမည်ရှိတဲ့ အမျိုးသမီးဟာ အတ္ထာပရာဒက်ရှ်မှာရှိတဲ့ ပလပ်စတစ်စက်ရုံက ဝန်ထမ်းဖြစ်ပါတယ်။ သူမရဲ့ ဦးခေါင်းကို ပထမထပ်မှာ တွေ့ရပြီး ခန္ဓာကိုယ်ကတော့ လေးလွှာက ဓါတ်လှေကားထဲမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။
 
အခင်းဖြစ်မယ့်နေ့က သူမရဲ့ အလုပ်ချိန်ဖြစ်တဲ့ မနက် ၈ နာရီမှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲဒီနောက် အောက်ထပ်မှာ လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ပြီး အပေါ်ထကပ်ကို ဓါတ်လှေကားနဲ့ တက်သွားချိန်မှာ မတော်တဆ တံခါးနဲ့ ဦးခေါင်းညပ်ပြီး ခေါင်းဖြတ်ခံရသလိုဖြစ်ကာ သေဆုံးခဲ့ရပါတယ်။
 
ရဲတွေက အလောင်းကို စစ်ဆေးခဲ့ရာမှာတော့ သူမရဲ့ နားမှာ ဖုန်းနားကြပ်က ထိုးထားလျှက် အနေအထားနဲ့ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဖြစ်နိုင်ချေရှိတာကတော့ ဓါတ်လှေကားတံခါး ပိတ်ကာနီးမှာ အထဲအမြန် ဝင်လိုက်ချိန်၊ ခန္ဓာကိုယ်က အထဲရောက်သွားပေမယ့် နားမှာ တပ်ထားတဲ့ နာကြပ်အုံနဲ့ တံခါး ညိပြီး ခေါင်းညပ်သွားစဉ် ဓါတ်လှေကားက တံခါးပြန်မပွင့်ပဲ အပေါ်တက်သွားတာကြောင့်  ခေါင်းပြတ်ကျန်ခဲ့တာ ဖြစ်နိုင်ကြောင်း ရှေးဦးစွာ သုံသပ်ထားပါတယ်။
 
“ကျွန်တော်တို့ အလောင်းကို ဆေးရုံပို့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ပါမယ်။ ဦးခေါင်းက ဘယ်လိုညပ်တာလဲ၊ နားကြပ်ကြောင့်လား ဆိုတာတွေကို အဖြေရှာသွားပါမယ်၊ ဒါ့အပြင် ဓါတ်လှေကား ချို့ယွင်းချက် ရှိ၊ မရှိဆိုတာလည်း စစ်ဆေးသွားပါမယ်” လို့ ရဲစုံထောက် TR Bamaniya က အိန္ဒိယသတင်းဌါန ကို ပြောကြားခဲ့ပါတယ်။
 

31 May 2019     1,578 Views




RELATED

Most Popular of Special or Others

Most Popular of NEWS