BEC-TERO TV

အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေမာ

03 Jun 2019     1,506 Views


ပီအက်စ်ဂျီ အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့မေလအတွင်း ပါရီမြို့ရှိ ဟိုတယ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထား ရတယ်လို့ သိရပါတယ်။

နေမာဟာ အမျိုးသမီးတစ်ဦးနှင့် Instagram မှတစ်ဆင့် မက်ဆေ့ အပြန်အပြန်လှန်ပို့ပြီး တစ်ယောက်နှင့်တစ်ယောက် ရင်နှီးခဲ့တယ်လို့ ဆိုပါတယ်။ ပါရီမြို့မှာ သူနဲ့ တွေ့ ဖို့အတွက် နေမာက လေယာဉ်လက်မှတ် အပြင် ဟိုတယ်အခန်းကို ငှားပေးခဲ့တယ်လို့ ဘရာဇီးလ်နိုင်ငံရှိ ဆော်ပေါ်လိုရဲတပ်ဖွဲ့ထံ တိုင်ကြားထားတဲ့ အချက်အလက်များအရ သိရပါတယ်။

ထို့နောက် မေ ၁၅ ရက်တွင် နေမာက ဟိုတယ် အခန်းသို့ရောက်ရှိလာပြီး သူမ၏ ခွင့်ပြုချက်မရဘဲ လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ထို့အချိန်တွင် သူမဟာ ပါရီရဲ တပ်ဖွဲ့ ထံမှာ ချက်ချင်းမတိုင်ကြားရခြင်းမှာလည်း ကြောင့်လန့်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး နေမာ၏ဖခင်က စွပ်စွဲမှုများအား ငြင်းဆန်ထားပြီး ထောင်ချောက် တစ်ခုသာဖြစ်ကြောင်း တုံပြန့်ပြောကြားထားပါတယ်။''ဒါက ထောင်ချောက်တစ်ခုဆိုတာ သေချာပါတယ်။ နေမာရဲ့ WhatApp မက်ဆေ့ခ်ျတွေအပြင် ကောင်မလေးတွေနဲ့ ပြောထားတာတွေ အကုန်ပြလို့ ရပါတယ် “လို့ ဆိုပါတယ်။

နေမာဟာ ဘရာဇီးအသင်းခေါင်းဆောင်နေရာမှ ပယ်ခံထားရပြီး သူ့ နေရာကို ဝါရင့်ကစားသမား ဒန်နီအဲဗက်က တာဝန်ယူထားကြောင်း သိရပါတယ်။

 


03 Jun 2019     1,506 Views




RELATED

Most Popular of Football

Most Popular of Sport