BEC-TERO TV

ကွန်ပျူတာဂိမ်း ရှုံးလို့ဆိုပြီး သူငယ်ချင်းဖြစ်သူကို ဓါးဖြင့် ၂၇ ချက်တိတိ ထိုးသတ်ခဲ့

03 Jun 2019     3,250 Views


ယူကရိန်းနိုင်ငံမှာ ဆယ်ကျော်သက် လူငယ်တစ်ဦးဟာ ကွန်ပျူတာဂိမ်း ရှုံးနိမ့်ခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူကို ဓါးဖြင့် ၂၇ ချက်တိတိ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်အရွယ် ဗာစရက် ကျူတာ ဟာ အသက် ၁၅ နှစ်အရွယ် သူငယ်ချင်းဖြစ်သူ ဗာစရက် ပေါ့စ် နှင့် ဂိမ်းကစားရာမှ နှစ်ယောက်အချင်းများခဲ့ကြပြီး ကျူတာက ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ဗာစရက် ပေါ့စ်ဟာ သေဆုံးချိန်မှာ  ဦးခေါင်းနှင့် လည်ပင်း ၊ နား တို့မှာ ဒဏ်ရာ၊ ဒဏ်ချက်များစွာ မရူမလှ သေဆုံးခဲ့ပါတယ်လို့ သေဆုံးသူ၏ ဖခင်ကပြောပါတယ် ။ သူတို့ နှစ်ဦးဟာ ဂိမ်းတစ်ခုနဲ့ ပါက်သက်ပြီး နှစ်ယောက်သား ရန်ဖြစ်ခဲ့ပြီး သေဆုံးသူ ပေါ့စ် က ကျူတာကို ရင့်ရင်သီးသီ ဆဲဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခင်းမဖြစ်ပွားခင် သေဆုံးသူ ပေါ့စ်က ကော်ဖီဆိုင်တစ်ခုမှာ အမျိုးသမီးကောင်မလေးတွေရှေ့ မှာ ကျူတာကို ဘောင်ဘီဆွဲချွတ်ခဲ့တာကြောင့် တရားရုံးက ထွက်ဆိုချက်အရ သိရပါတယ်။ ဓါးဖြင့်ထိုးသတ်ခဲ့တဲ့ ကျူတာရဲ့ ဖခင်ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး သူ့ သားအတွက် ၁၉၇၅၀ တန်ဖိုးရှိ ဂိမ်းစက်တွေကို ဝယ်ပေးထားတာဖြစ်ပါတယ်။ ကျူတာက ဂိမ်းကစားဖို့အတွက် ပေါ့စ်ကို သူ့ အိမ်မှာ ဂိမ်းကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဂိမ်းကစားပြီး နာရီပိုင်းအကြာမှာ ပေါ့စ်ဟာ ထိုးသွင်းဒဏ်ရာ ၂၇ ဖြင့်သေဆုံးခဲ့တာဖြစ်ပါတယ်။

 

ဓါးဖြင့်ထိုးသတ်ခဲ့တဲ့ ဗာစရက် ကျူတာဟာ အဆိုပါပြစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ခွဲ သာကျခံခဲ့ရပြီး အသတ်ခံရသူ မိသားစုအသိုင်းအဝိုင်းက ထို့ပြစ်ဒဏ်ဟာ မမျှတကြောင်း ထောင်ဒဏ် ၁၅ နှစ်ကျစေလို့တယ်လို့ သိရပါတယ်။


03 Jun 2019     3,250 Views




RELATED

Most Popular of International News

Most Popular of NEWS