BEC-TERO TV

ဇာတ်ကားတစ်ကားရိုက်ပြီးတိုင်း ထိခိုက်ဒဏ်ရာရလေ့ရှိတဲ့ အကြောင်းပြောပြလာတဲ့ အိန္ဒြာကျော်ဇင်

03 Jun 2019     1,680 Views


မြန်မာနိုင်ငံ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် ဆယ်စုနှစ် နှစ်ခုစလုံးမှာ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ မော်ဒယ်လောကမှာရော၊ သရုပ်ဆောင်လောကမှာပါ အောင်မြင်ကျော်ကြားတဲ့ မအူဝဲကို ချစ်ခင်တဲ့ ပရိတ်သတ်တွေ အများအပြားပါပဲ။ အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်တစ်ယောက် သရုပ်ဆောင်တဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ကျတယ်ဆိုတာတော့ အထွေအထူးပြောနေစရာမလိုပါဘူး။ ပရော်ဖက်ရှင်နယ်ဆိုတာကတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်နိုင်တာကို ပြောတာပါ။ မအူဝဲဟာ ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနဲ့ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ကြုံနေရတယ် ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရော်ဖက်ရှင်နယ်ကျလှတဲ့ မအူဝဲဟာ သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှတစ်ဆင့် ဇာတ်ကားရိုက်ပြီး ဒဏ်ရာ ရရှိလာတဲ့ အကြောင်းကို ပြောပြလာပါတယ်။

“အိန္ဒြာကျော်ဇင်တို့ ကားတစ်ကားရိုက်တိုင်း ထိခိုက်ဒဏ်ရာမမရင် ကားတစ်ကားမပြီးဘူး၊ ကားရိုက်တိုင်း ဒဏ်ရာရတာ ကိုယ့် tradement တစ်ခုလိုတောင်ဖြစ်နေပြီ ” ဆိုပြီးပြောကြားထားပါတယ်။

အိန္ဒြာကျော်ဇင်ဟာ လတ်တလော ရိုက်ကူးနေတဲ့ “ဇာတ်လိုက် ရုပ်ရှင်ကားကြီး” ရဲ့ ဇာတ်ဝင်ခန်းမှာ ပါဝင်သရုပ်ဆောင်ရင်း ချွန်ထက်တဲ့ ပေါက်တူးနဲ့ ကိုယ့်ကိုယ်ကို ပြန်ထိမိခဲ့ကြောင်းကို လဲ ရေးသားထားပါတယ်။

ပြည်သူချစ်တဲ့ မင်းသမီးတစ်လက်အနေနဲ့ ပရိတ်သတ်အတွက် စိတ်ရောလူပါ အပင်ပန်းခံပြီး ကြိုးစားပေးတဲ့ မအူဝဲပါပဲ။ မအူဝဲတစ်ယောက် ဒဏ်ရာတွေ အမြန်ဆုံး ပျောက်ကင်းပြီး နေကောင်းကျန်းမာလာစေဖို့ ပိုပိုလေးနဲ့ အတူ ဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)


03 Jun 2019     1,680 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS