BEC-TERO TV

ကျော်ကျော်နန္ဒ၊ ညီဘွားညီနဲ့ ဒေးဗစ်ကျော်တို့ရိုက်ကူးမယ့် ထိတ်လန့်ခြောက်ခြားစရာညများ

04 Jun 2019     1,855 Views


အနုပညာလောကထဲမှာ ကျင်လည်နေတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ ဗီဒီယိုသရုပ်ဆောင်ညီဘွားညီကိုတော့ ရုပ်ရှင်တွေထဲမှာ ပရိသတ်ကြီးမြင်တွေ့ပြီးသားဖြစ်မှာပါ။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်တွေက ခင်မင်ရင်းနှီးတဲ့ အမျိုးသမီးကြီးတစ်ယောက်နဲ့ပတ်သက်ပြီး အထင်လွဲမှားစွာအစော်ကားခံခဲ့ရတာကြောင့် အင်တာဗျူးတွေမှာဖြေရှင်းရင်း ပရိသတ်တွေကြားနာမည်ကြီးခဲ့ပါသေးတယ်။ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးပြီးသားဖြစ်တဲ့ ဒေးဗစ်ကျော်ကတော့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ကိုအားပေးတဲ့ ပရိသတ်အခိုင်အမာကိုလည်း ရရှိထားသူဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ကျော်ကျော်နန္ဒကတော့ အထူးတည်ပြောစရာမလိုအောင်ကို “ ဆက်ပက်” ဆိုတဲ့သင်္ကြန်သီချင်းနဲ့ နာမည်ကြီးလာသူဖြစ်ပြီး သူမတူဆန်းပြားတဲ့ဖက်ရှင်တွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ဂယက်ပေါင်းသောင်းခြောက်ထောင်ထအောင်လုပ်ပြီး ဝေဖန်တိုက်ခိုက်မှုတွေနဲ့အတူ တဟုန်ထိုးလူသိများကျော်ကြားလာတာဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိပြီးနောက်ပိုင်း ပွဲတွေမှာသီချင်းလိုက်လံသီဆိုဖျော်ဖြေနေရတဲ့ ကျော်ကျော်နန္ဒဟာဆိုရင် သရုပ်ဆောင်အဖြစ်ပါ ရုပ်ရှင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

ယခုလိုမျိုး လူသိများထင်ရှားတဲ့ နာမည်ကြီးအနုပညာရှင် သုံးယောက်ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲသုံးယောက်တွေ့ဆုံရိုက်ကူးမယ့် ဇာတ်ကားလေးက ‘ထိတ်လန့်ခြောက်ခြားဖွယ်ညများ’ ဆိုတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး သည်းထိတ်ရင်ဖိုဖွယ်ကောင်းတဲ့ သရဲကားအမျိုးအစားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းလေးကတော့ မရိုက်ကူးခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုကိုရရှိနေပြီး သရုပ်ဆောင်တွေကိုယ်တိုင်လည်း ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။

“ထိတ်လန့်ခြောက်ခြားသောညများ” ကျော်ကျော်နန္ဒ၊ ဒေးဗစ်ကျော်၊ ညီဘွားညီ၊ ဆောင်းအိနြေ္ဒထွန်းနဲ့ မေရတနာတို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ညီဘွားညီက သူကိုယ်တိုင်ဖန်တီးမှာဖြစ်ပြီး ရုပ်ရှင်ဇတ်လမ်းတွဲကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

ပါဝင်ရိုက်ကူးမယ့် သရုပ်ဆောင်တွေကိုကြည့်ရုံနဲ့တင် ထိုသရဲကားဇတ်လမ်းတွဲလေးက ဘယ်လောက်ထိကြောက်ဖို့ကောင်းမယ်ဆိုတာ ပေါ်လွင်နေပြီမို့ သရဲကားကြိုက်တဲ့ ပရိသတ်ကြီးက အားပေးကြမယ်မလား...

(ပိုပိုလေး)


04 Jun 2019     1,855 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment