အူဘာမီယန်းကို တရုတ်သို့ ရောင်းချဖို့ အလိုရှိနေကြတဲ့ အာဆင်နယ် ပရိတ်သတ်များ
05 Jun 2019 1,656 Views

အာဆင်နယ်အသင်းပရိတ်များက အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ရောင်းချပြီးအသင်း အင်အားဖြည့်တင်းမှုများ ပြုလုပ်ဖို့ အလိုရှိနေကြတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
တရုတ်ကလပ်များက အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား ပေါင်သန်း (၈၀)ဖြင့် ခေါ်ယူပြီး တစ်ပတ်လစာကိုလည်း ပေါင် (၃) သိန်းအထိ ပေးချေမည်ဟု သတင်းများထွက်ပေါ်နေတာကြောင့် အသင်းပရိတ်များက ရောင်းချဖို့ ဆန္ဒပြုခဲ့ကြတာ ဖြစ်ပါတယ်။
အသက် (၃၀) အရွယ်အူဘာမီယန်းကို ပေါင်း သန်း(၈၀) ဖြင့် တရုတ်ကိုရောင်းချပြီး အားနည်းလွန်းနေတဲ့ အသင်းနောက်ခံနေရာအတွက် ဖြည့်တင်းဖို့အတွက် အသင်းပရိတ်သတ်တွေက လူမှုကွန်ရက်မှတဆင့် တောင်းဆိုခဲ့ကြပါတယ်။
အာဆင်နယ်အသင်းပရိသတ်တစ်ဦးက "အသက် (၃၀) ကစားသမားတစ်ဦးအတွက် ပေါင်သန်း (၈၀) တဲ့လား။ ရောင်းလိုက်စမ်းပါ"ဟု Twitter တွင် ရေးသားခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း "ရောင်းလိုက်ပါ။ ဒါမှ လူဝယ်ဖို့အဆင်ပြေမှာ ။ ရောင်းလိုက်စမ်းပါ။ ငါတို့မှာ လာကာဇက်တီ ရှိတယ်"ဟု ရေးသားခဲ့ကြပါတယ်။ အခြား အာဆင်နယ်ပရိတ်သတ်များကလည်း လက်ခံခဲ့ကြသလို့ ရရှိလာတဲ့ငွေတွေကို အသင်းနောက်တန်းနေရာမှာ အကုန်အသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
အူဘာမီယန်းဟာ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်တွင် (၂၂) ဂိုး သွင်းယူပြီး လီဗာပူးလ်တိုက်စစ်ကစားသမားများဖြစ်သည့် မာနေ၊ ဆာလာတို့နှင့်အတူ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။