BEC-TERO TV

ဇာတ်ကားရိုက်ရင်း ရုတ်တရက်အမောဖောက်လို့ ဆေးရုံတင်လိုက်ရတဲ့ ဦးမိုးဒီ

06 Jun 2019     1,484 Views


လူချစ်လူခင်ပေါများတဲ့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ဟာသလူရွှင်တော် ဦးမိုးဒီဟာဆိုရင် ကောင်းမွန်လှတဲ့ပြက်လုံးတွေကိုအသုံးပြုပြီး ပရိသတ်ရဲ့ဘ၀အမောတွေကို ခေတ္တပြေပျောက်အောင် ရယ်မောပျော်ရွှင်မှုတွေကိုဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဦးမိုးဒီကတော့ လူရွှင်တော်လောကမှာသာမက အနုပညာလောကထဲမှာပါ နာမည်ကြီးသူဖြစ်ပြီး သူရိုက်ကူးထားတဲ့ကြော်ငြာများစွာက ပရိသတ်တိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနာမည်ကြီးသလို ရုပ်ရှင်တော်တော်များများမှာလည်း အမြဲမြင်တွေ့ရတတ်သူဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ကျန်းမာရေးအခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေကျဲသွားပေမယ့် နေကောင်းနေစဉ်အချိန်မှသာ ဇတ်ကားရိုက်ကူးမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ အသက်အရွယ်ကြီးလာပေမယ့် သူချစ်တဲ့အနုပညာတွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ ဦးမိုးဒီဟာဆိုရင် ပုပ္ပါးမှာရုပ်ရှင်ရိုက်ကူးနေရင်း အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ဦးမိုးဒီက ပုပ္ပါးမှာရုပ်ရှင်ရိုက်ကူးနေတာဖြစ်ပြီး ဇတ်ကားရိုက်နေစဉ် ရုတ်တရက်အသက်ရှူကျပ်ကာ အမောဖောက်လာတာကြောင့် နီးစပ်ရာဆေးရုံးကိုအမြန်ပို့ဆောင်ထားရကြောင်းကို သရုပ်ဆောင်အေးသီတာရဲ့ခင်ပွန်းဖြစ်သူ ကိုသားကြီးမှ သူ့ရဲ့ဖေ့စ်ဘွတ်ကနေ အသိပေးရေးသားထားတာဖြစ်ပါတယ်။ ထိုသတင်းကြောင့် နဂိုကကျန်းမာရေးအခြေအနေသိပ်မကောင်းတဲ့ ဦးမိုးဒီအတွက် မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေက စိုးရိမ်လို့နေကြပါတယ်။

ချစ်တဲ့ပရိသတ်ကြီးက ဦးမိုးဒီအတွက် အမြန်ဆုံးသက်သာပါစေလို့ ၀ိုင်းဆုတောင်းပေးသွားကြပါဦးနော်…

 

(ပိုပိုလေး)


06 Jun 2019     1,484 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS